Mother Finance

Mother Finance ကုမ္ပဏီ၏ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာမူဝါဒကြေငြာချက်

Mother Finance ကုမ္ပဏီ၏ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာမူဝါဒကြေငြာချက်

Mother Finance မှကြိုဆိုပါတယ်ခင်ဗျာ။ လူကြီးမင်းတို့အနေဖြင့်မိမိတို့၏ ကိုယ်ပိုင်အချက်အလက်များ လုံခြုံရေးနှင့်ပတ်သတ် လာလျှင်အဆုံးစွန်ဆုံးသော အလေးထားဂရုစိုက်မှုများကို အလိုရှိကြောင်း ကျွန်တော်တို့အနေဖြင့်ယုံကြည်အလေးထားပါသည်။ အောက်ပါပုဂ္ဂလိက လုံခြုံရေးဆိုင်ရာ မူဝါဒများ

သည် Mother Finance Co., Ltd. နှင့်ကုမ္ပဏီ၏ Mobile App, Mother Finance (together, “Mother Finance”, “we”, “us”or “our” ) တို့အတွက်အကျုံးဝင်ပါသည်။ မူဝါဒတွင် အသုံးပြုများအနေဖြင့်ကျွန်တော်တို့၏ website, services နှင့် mobile app များကို အသုံးပြု ဝင်ရောက်ခဲ့သော အချက်အလက်များအား မည်ကဲ့သို့စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ ကာကွယ်ခြင်းနှင့် ဒေတာများအား မည်ကဲ့သို့ဖော်ပြပေးခြင်း အကြောင်းများရှင်းပြထားပါသည်။ ထို့အပြင်အသုံးပြုသူ ကိုယ်တိုင်ရွေးချယ်နိုင်သော သတင်းအချက်အလက်ရှာဖွေမှုများနှင့် ကိုယ်ပိုင် အချက်အလက်အသုံးပြုမှုများ အကြောင်းများလည်း ရှင်းပြထားပါသည်။ ထိုကဲ့သို့ ဝင်ရောက် အသုံးပြုခြင်းများတွင်လည်း အသုံးပြုသူ၏သဘောတူညီမှုဖြင့်သာ ပြုလုပ်ရမည်ဖြစ်ပါသည်။ မူဝါဒနှင့်ပက်သတ်၍ သိလိုသည်များ နှင့်မေးမြန်းလိုသည်များရှိပါက သို့မဟုတ်အသုံးပြုရာတွင် အကူအညီများလိုအပ်ပါက bd@motherfinance.com.mm သို့ဆက်သွယ်မေးမြန်း နိုင်ပါသည်။ ယခုမူဝါဒသည်လက်ရှိ အသုံးပြုသူများသာမကပဲ ယခင်အသုံးပြုခဲ့သူများအတွက်ပါ အကျူံးဝင်ပါသည်။ ကျွန်တော်တို့၏ ဝန်ဆောင်မှုများအား အသုံးပြုနိင်ရန်အတွက် အသုံးပြုသူသည် အသက်(၁၈)နှစ်ပြည့်ပြီးရန်လိုအပ်ပါသည်။

Mother Finance မှကောက်ယူသောသုံးစွဲသူအချက်အလက်များ

အဆက်အသွယ်များ

ကျွန်ုပ်တို့၏ ချေးငွေခရီး၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ ကျွန်ုပ်တို့ သည် ချေးငွေလျှောက်ထားသူထံမှ အကိုးအကားများ လိုအပ် ပါသည်။ ဤကိစ္စနှင့် ပတ်သက်၍၊ ကျွန်ုပ်တို့၏ App တွင် ဖောင်ဖြည့် နေစဉ်အတွင်း သင့်အား ချေးငွေလျှောက်ထားမှုလုပ်ငန်းစဉ်အတွင်း ဒေတာကို အလိုအလျောက်ဖြည့်နိုင်စေရန် အနီးကပ်အဆက်အသွယ် ကို သိရှိနိုင်စေရန် သင်၏အဆက်အသွယ်အချက်အလက်ကို စုဆောင်းပြီး ကျွန်ုပ်တို့၏ Server (https://motherfinance.com.mm) ကို ပို့ဆောင် သိမ်းဆည်းပါသည်။ ထို့အပြင်၊ ကျွန်ုပ်တို့သည် ယုံကြည်ရ လောက်သော ကိုးကားချက်များကို ရှာဖွေတွေ့ရှိနိုင်စေခြင်းဖြင့် အန္တရာယ်ခွဲခြမ်းစိတ်ဖြာရန် ရည်ရွယ်ချက်အတွက် သင့်စက်ပစ္စည်းမှ ဆက်သွယ်ရန်အချက်အလက်များကို စုဆောင်းပါသည်။ ကိုးကားချက်များသည် ပိုမိုယုံကြည်ရလေလေ၊ အသုံးပြုသူ တစ်ဦးနှင့် ဆက်စပ်နေသော အန္တရာယ် နည်းပါးလေဖြစ်သည်။

THIRD-PARTY SDK သို့ချိတ်ဆက်ခြင်း

ကျွန်ုပ်တို့၏လျှောက်လွှာတွင် ကျွန်ုပ်တို့ကိုယ်စား ဒေတာ စုဆောင်းသည့် မှတ်ပုံတင်ထားသော ပြင်ပအဖွဲ့အစည်း SDK သို့ ချိတ်ဆက်မှုတစ်ခုရှိသည်။ SDK မှတစ်ဆင့်၊ အဆက်အသွယ်များ၊ ထည့်သွင်းထားသည့် အက်ပ်စာရင်း၊ ကင်မရာ၊ တည်နေရာ၊ ဖုန်းအခြေအနေနှင့် သိုလှောင်မှုဒေတာများကို စုဆောင်းပြီး အန္တရာယ်အကဲဖြတ်ရန်အတွက် ပြင်ပအဖွဲ့အစည်း SDK သို့ ပို့လွှတ်မည်ဖြစ်သည်။ ခရက်ဒစ်အန္တရာယ်အကဲဖြတ်မှုလုပ်ဆောင်ရန် ဤဒေတာများကို လုံခြုံသောဆာဗာတွင် သိမ်းဆည်းထားသည်။ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များ ဆုံးရှုံးခြင်း၊ အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းမှ ကာကွယ်ရန် အတွက် ကျွန်ုပ်တို့၏ပြင်ပကုမ္ပဏီဝန်ဆောင်မှုပေးသူက ကျယ်ပြန့်သောလုံခြုံရေးအစီအမံများကို လုပ်ဆောင်ကြောင်း သေချာပါသည်။

ထည့်သွင်းထားသော အပလီကေးရှင်းများ

သင့်ခရက်ဒစ်တန်ဖိုးကို အကဲဖြတ်ရန်နှင့် ကြိုတင်အတည်ပြု ထားသော သင့်တော်သည့်ချေးငွေကမ်းလှမ်းမှုများဖြင့် သင့်ကိုယ်ရေး ကိုယ်တာအချက်အလက်များကို ဖြည့်တင်းရန်အတွက် ထည့်သွင်း ထားသော အပလီကေးရှင်းအမည်၊ ပက်ကေ့ဂျ်အမည်၊ တပ်ဆင်ချိန် အပ်ဒိတ်အချိန်၊ ဗားရှင်းအမည်နှင့် ဗားရှင်းကုဒ်အပါအဝင် ထည့်သွင်းထားသော အပလီကေးရှင်းဒေတာအချက်အလက် စာရင်းကို ကျွန်ုပ်တို့ ရယူပါသည်။

ဖုန်းအတွင်း သိမ်းဆည်းထားသော Data များ

အသုံးပြုသူ၏ ချေးငွေအကောင့်ရှင်းတမ်းများကို သုံးစွဲသူ၏ ဖုန်းတွင် လုံခြုံစွာဒေါင်းလုဒ်လုပ်ပြီး သိမ်းဆည်းနိုင်စေရန်နှင့် အသုံးပြုသူသည် ချေးငွေ၏အတည်ပြုချက်နှင့် ပေးချေမှု ပိုမိုမြန်ဆန်စေရန်အတွက် မှန်ကန်သောစာရွက်စာတမ်းများကို Upload ပြုလုပ်နိုင်ရန် ဤခွင့်ပြုချက်ကို ပေးဖို့ လိုအပ်ပါသည်။ ထို့အပြင်၊ ၎င်းသည် App ကို အဆင်ပြေပြေ အသုံးပြုနိုင်စေဖို့ အတွက်လည်း အထောက်အကူပေးပါသည်။

တည်နေရာ

အသုံးပြုသူတည်နေရာသည် ပိုမိုကောင်းမွန်သော ခရက်ဒစ် အန္တရာယ်ဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ရာတွင် ကူညီပေးသည့် လိပ်စာကို ရှာဖွေရန်နှင့် အတည်ပြုရန် ကူညီပေးပြီး Know Your Customer (KYC) လုပ်ငန်းစဉ်ကို မြန်ဆန်စေပါသည်။

ကင်မရာ

အသုံးပြုသူသည် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား စာရွက်စာတမ်းများကို အလွယ်တကူစကင်န်ဖတ်ခြင်း သို့မဟုတ် ဓါတ်ပုံရိုက်နိုင်စေရန်အတွက် ကင်မရာအသုံးပြုခွင့် လိုအပ်ပါသည်။ လိုအပ်သောဒေတာများကို အလိုအလျောက်ဖြည့်ပေးပြီး အသုံးပြုသူအတွက် ပိုမို အချိန်ကုန်သက်သာစေပါသည်။

သုံးစွဲသူကိုယ်တိုင်ပေးသောအချက်အလက်များ

သုံးစွဲသူများမှ www.motherfinance.com.mm website နှင့်အခြားသော ဆက်စပ် website များ၊ desktop သို့မဟုတ်mobile app များမှ ဝင်ရောက်အသုံးပြုသောအချိန်တွင် အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူပါသည်။ ကနဦးဝင်ရောက်ချိန်နှင့် လုပ်ငန်းဆောင်တာများ ဆောင်ရွက်နေချိန်တွင် အများဆုံးကောက်ယူမည်ဖြစ်ပြီး ထပ်ဆင့်ဝင်ရောက်သော website များ သို့မဟုတ်ကျွန်တော်တို့မှ ဖုန်း၊ email သို့မဟုတ်အခြားသော နည်းလမ်းဖြင့်ဆက်သွယ်ရသော အချက်အလက်များအားလည်း စုဆောင်းထားရှိမည်ဖြစ်ပါသည်။ 

သတ်မှတ်ထားသောအချက်အလက်များကိုမူ ကနဦးစတင်ဝင်ရောက်စဉ်ကပင်ဖြည့်စွက်ပေးရမည်ဖြစ်ပြီး ထိုကဲ့သို့ပြုလုပ်ခြင်းသည် ဥပဒေလုပ်ထုံးများနှင့်အညီဖြစ်စေသည့်အပြင် သုံးစွဲသူ၏ကိုယ်ပိုင်သတ်မှတ်ချက်၊ ချေးငွေအတွက်သင့်တော်သူဖြစ်မဖြစ်၊ လိမ်ညာမှုမဖြစ်စေရန်နှင့် သုံးစွဲသူ၏ လုပ်ငန်းပြည့်စုံချောမွေ့စေရန်ဖြစ်ပါသည်။ 

အောက်ပါအချက်အလက်များအားကောက်ယူမည်ဖြစ်ပါသည်။

  • သုံးစွဲသူ၏အခြေခံအချက်အလက်များ ( ဥပမာ- အမည်၊နေရပ်လိပ်စာ၊ email၊ဖုန်းနံပါတ်နှင့်မွေးရက်) ။

  • နိုင်ငံသားမှတ်ပုံတင်ကဒ်အမှတ်။

  • အလုပ်အကိုင်နှင့်ဝင်ငွေ။

  • ဘဏ်စာရင်းနှင့်အချက်အလက်များ။

  • ချေးငွေအားအသုံးပြုမည့်ကုန်သည်သို့မဟုတ်ဝန်ဆောင်မှုလုပ်ငန်း၊၎င်းကုန်သည်သို့မဟုတ်ဝန်ဆောင်မှုလုပ်ငန်း၏မှတ်ပုံတင်သတ်မှတ်ချက်နှင့်ကုန်ပစ္စည်းသို့မဟုတ်ဝန်ဆောင်မှုအား လက်ခံမည့်အဖွဲ့အစည်း၏ အချက်အလက်များ။

  • အသုံးပြုသူမှဖော်ပြသောအခြားသောအချက်အလက်များ။

ထို့အပြင်ကျွန်တော်တို့အားမေးမြန်းထားသောသူများနှင့် email လိပ်စာများအား မှတ်တမ်းတင်သိမ်းဆည်းထားမည်ဖြစ်ပြီး ထိုကဲ့သို့သိမ်းဆည်းထား

ခြင်းသည် မေးခွန်းများကို ပြန်လည်ဖြေဆိုနိုင်ရန်အတွက်ဖြစ်ပါသည်။ အကယ်၍အသုံးပြုသူသည် ကျွန်တော်တို့၏ Facebook page ရှိ comment section တွင်ဝင်ရောက်အသုံးပြုမည်ဆိုပါက အသုံးပြုသူ၏ ကိုယ်ပိုင်အချက်အလက်များသည် comment တွင်ရှိနေပြီး မည်သူမဆိုမြင်တွေ့နိုင်ကြောင်းကိုလည်း သိရှိထားရမည်ဖြစ်ပါသည်။

ပူးပေါင်းလုပ်ဆောင်မည့်အဖွဲ့အစည်းများမှကောက်ယူမည့်အချက်အလက်များ

Mother Finance မှ အသုံးပြုသူ၏ ချေးငှါးသူအကောင့်မှတဆင့် ငွေချေးယူနိုင်ခြင်းရှိမရှိ ဝင်ရောက်ကြည့်ရှုရာတွင်ချေးငွေဆိုင်ရာဌာနနှင့် အခြားပူးပေါင်းဆောင်ရွက်သည့်အဖွဲ့များမှလည်း အချက်အလက်များကောက်ယူမည်ဖြစ်ပါသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းသည်အသုံးပြုသူ၏ ချေးငွေရယူနိုင်ခွင့်ရှိမရှိဆုံးဖြတ်ခြင်း၊ စီစစ်တွက်ချက်ခြင်း၊ ကနဦးချေးငွေအတွက်ဆုံးရှူံးနိုင်ချေများနှင့် ချေးငွေပေးအပ်မည့်ရင်းနှီးမြုပ်နှံသူများအား အကူအညီပေးနိင်ရန်ဖြစ်ပါသည်။ ထို့အပြင်ချေးငွေဌာနများနှင့် တခြားပူးပေါင်းဆောင်ရွက်သောအဖွဲ့များမှတဆင့် အသုံးပြုသူ၏ ချေးငွေကာလအပိုင်းအခြားအတွင်းရှိအချက်အလက်များအား လည်းကောက်ယူမည်ဖြစ်ပြီး ၎င်းသည် ချေးငွေဆုံးရှုံးနိုင်ခြေတွက်ချက်ရန်နှင့် ရင်းနှီးမြုပ်နှံသူများအားအသုံးပြုသူ၏ ချေးငွေအားဝယ်လိုခြင်း သို့မဟုတ်ရောင်းချလိုခြင်းများအတွက်သတင်းအချက်အလက်ပေးနိုင်ရန်တို့အပြင်အသုံးပြုသူတို့အား ဈေးကွက်သတင်းများဝေမျှနိင်ရန်ဖြစ်သည်။ အခြားကုမ္ပဏီတစ်ခုခုမှ အသုံးပြုသူအားလွှဲပြောင်းပေးခြင်း သို့မဟုတ် ကူညီခြင်းများပြုလုပ်ခဲ့ပါက ထိုကုမ္ပဏီမှတဆင့် အသုံးပြုသူ၏ အချက်အလက်များ ကောက်ယူ၍ လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

အောက်ပါအချက်အလက်များအားငွေချေးသူနှင်းငှါးရမ်းသုံးစွဲသူများထံမှကောက်ယူမည်ဖြစ်ပါသည်။

  • အသုံးပြုသူ၏ကိုယ်ပိုင်အချက်အလက်နှင့်လျှောက်ထားမှုအချက်အလက်များ (ဥပမာ- အမည်၊ လိပ်စာ၊ email၊ ဖုန်းနံပါတ်၊ မွေးရက်နှင့်အလုပ်အကိုင်နှင့်ပတ်သက်သောအချက်အလက်များ)

  • အသုံးပြုသူ၏ချေးငွေပမာဏ၊ ချေးငွေအကြောင်းနှင့်ချေးငွေပြန်ဆပ်နိုင်မည်ဟု စိတ်ချရသောသက်ဆိုင်ရာအချက်အလက်များ၊ သတ်မှတ်ချက်များနှင့်ငွေကြေးဆိုင်ရာလုပ်ငန်းများ။

  • ဘဏ်အကောင့်ဆိုင်ရာအချက်အလက်နှင့်လက်ရှိလုပ်ငန်း။

  • ချေးငွေသည်ကုန်သည်သို့မဟုတ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုအတွက်လျှောက်တင်ခဲ့သည်ဆိုပါလျှင် ၎င်းတို့နှင့်ပတ်သက်သော အငြင်းပွားနိုင်ဖွယ်ရာအချက်အလက်များ။

  • အကယ်၍ချေးငွေသည်Mother Finance မဟုတ်သောအခြား onlineအသုံးပြု ဆောင်ရွက်ပေးသော ပူးပေါင်းအဖွဲ့အစည်းများမှတဆင့်လျှောက်တင်ခဲ့သည်ဆိုပါလျှင်ထို့အဖွဲ့အစည်း၏လုပ်ထုံးနည်းများနှင့်အခြေအနေများ။

Mother Finance Platform ပေါ်တွင်အသုံးပြုသူများအသုံးပြုသည့်မှတ်တမ်းများ ကောက်ယူခြင်း

အသုံးပြုသူများအား ဝန်ဆောင်မှုပေးနိုင်ရန်၊ ကျွန်တော်တို့၏လုပ်ငန်းတိုးတက်ရန်နှင့် ဥပဒေကြောင်းဆိုင်ရာ မှတ်တမ်းတင်ထားရန် လိုအပ်သော အချက်အလက်များအတွက်သုံးစွဲသူများ၏ လုပ်ဆောင်ချက်များနှင့်လုပ်ငန်းစဉ်များအား ကောက်ယူထားမည်ဖြစ်ပါသည်။ ချေးငှါးသူများအတွက်မူ အသုံးပြုသူ၏ ငွေပေးချေမှုမှတ်တမ်းနှင့်အတူ အသုံးပြုသူ၏ကွန်ပျူတာမှအချက်အလက်များ၊ အသုံးပြုသူ၏ကျွန်တော်တို့ website နှင့် အခြားသောသက်ဆိုင်ရာ ဆက်စပ်လျှက်ရှိသော website များဝင်ရောက်ကြည့်ရှုမှုများ၊ IP address နှင့်ကြည့်ရှုခဲ့သည့်နေရာ၊ အသုံးပြုဝင်ရောက်သည့် browser အမျိုးအစား၊ ပြောင်းလဲဝင်ရောက်ခဲ့သည့်နေရာ၊ ဝင်ရောက်ကြည့်ရှုကြာချိန်၊ နှိပ်ခဲ့သည့်ခလုပ်များနှင့် ကြည့်ခဲ့သည့်စာမျက်နှာများအား ကောက်ယူမှတ်တမ်းတင်ထားမည်ဖြစ်ပါသည်။

မှတ်တမ်းကောက်ယူမည့်နည်းပညာများ

  • Cookies and Web Beacons

    Mother Finance၊ ဈေးကွက်ပါတနာများနှင့်ဝန်ဆောင်မှူပေးသောအဖွဲ့များသည် cookies၊ beacons၊ tags and script ကဲ့သိုသော နည်းပညာ များ ကိုအသုံးပြုပြီးဈေးကွက်အလားလာအားသုံးသပ်ရန်၊ website ကိုစီမံရန်၊ website အသုံးပြုသူများ၏ လုပ်ဆောင်ချက်လမ်းကြောင်း များချောမွေ့စေရန်နှင့် အသုံးပြုသူ အခြေခံဒေသအလိုက်အချက်အလက်စုဆောင်းခြင်းများပြုလုပ်ပါသည်။ ထိုသို့ပြုလုပ်ခြင်းများမှတဆင့်တစ်ဦးတစ်ယောက်ခြင်းမှ သတင်းပိုမှုများရရှိပြီး အခြေခံစုစည်းမှုပြုလုပ်ပါသည်။

    အသုံးပြုသူသည်အကောင့်အားဝင်ရောက်အသုံးပြူသောအခါကျွန်တော်တို့သည် cookies အားအသုံးပြု၍ အသုံးပြုသူ၏ ကိုယ်ပိုင်လမ်းကြောင်း ချောမွေ့စေရန်မှန်ကန်စေရန်နှင့် အတုအယောင်များသိစေရန်ဆောင်ရွက်ပေးပါသည်။ ထို့အပြင် cookies များအား ကိန်းဂဏန်းဆိုင်ရာအချက်အလက်များ၊ ဝင်ရောက်မှုများသော web page များ၊ download လုပ်ခဲ့သောအချက်အလက်များ၊ကျွန်တော်တို့ siteအားမဝင်ရောက်မီနှင့်ဝင်ရောက်ပြီးနောက်ဝင်ရောက်ခဲ့သော sites များအကြောင်းလည်း စုစည်းမှတ်သားပေးပါသည်။ အသုံးပြုသူ၏ browser မှတဆင့် cookies အသုံးပြုမှုအားထိန်းချုပ်နိုင်ပါသည်။ သို့သော်အသုံးပြုသူအနေဖြင့် cookies သုံးပြုမှုအားဖယ်မည်ဆိုလျှင် ကျွန်တော်တို့website အားအသုံးပြုနိုင်စွမ်းမှာအကန့်အသန့်ရှိသွားမည်ဖြစ်သည်။

  • Usage Data and Site Activity

    Mother Finance သည်သက်ဆိုင်ရာအချက်အလက်များနှင့်ဆက်စပ်သည်များသိမ်းဆည်းရန် HTML5 ကဲ့သို့သော local storage များအားအသုံးပြုပါသည်။ အမျိုးမျိုးသော browser များသည်သက်ဆိုင်ရာနည်းပညာများဖြင့်HTML5 အားဖျက်ပစ်ရန်အသုံးပြုနိုင်ပါသည်။

  • Third Party Technologies

    ကျွန်တော်တို့သည် အခြားသောနည်းပညာအဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်း၍ကျွန်တော်တို၏ site အားကြော်ငြာရန်နှင့် site၏လုပ်ငန်းဆောင်တာတစ်ခုလုံး ဆောင်ရွက်မှုကောင်းမွန်စေရန် ဆောင်ရွက်ပါသည်။ ထိုကဲ့သို့ပူးပေါင်းထာသောနည်းပညာအဖွဲ့များမှလည်း cookies ကဲ့သို့သော နည်းပညာများအသုံးပြု၍ အသုံးပြုသူ၏လုပ်ဆောင်ချက်များအား ကျွန်တော်တို့နှင့်အခြားသော website များပေါ်တွင် စုစည်းတင်ပြခြင်းဖြင့် အသုံးပြုသူ၏ ဈေးကွက်နှင့်စိတ်ဝင်စားမှုအပေါ်မူတည်၍ ကျွန်တာ်တို့၏ဈေးကွက်အကျိုးသက်ရောက်မှုသို့မဟုတ် website ၏ လုပ်ဆောင်ချက်အားလုံးအတွက်လမ်းကြောင်းဖြစ်ပေါ်စေသည်။

  • ‘Do-Not-Track’ Signals

    Mother Finance သည်လုပ်ဆောင်ချက်များမမှတ်မိစေရန် ’Do not track’ signals နှင့် ၎င်းကဲ့သို့သောလုပ်ဆောင်ချက်များအားတုံ့ပြန်မှုမပြုလုပ်ပါ။ ထိုလုပ်ဆောင်ချက်များသည် website ကိုဝင်ရောက်သူများ၏ လုပ်ဆောင်ချက်များအား စုဆောင်းသိမ်းဆည်းခြင်းများ မပြုလုပ်စေရန်လုပ်ဆောင်ခြင်းမျိုးဖြစ်သည်။

အသုံးပြုသူများ၏အချက်အလက်များအား Mother Finance မှမည်သို့အသုံးပြုသနည်း

ကျွန်တော်တို့သည်သုံးစွဲသူ၏ကိုယ်ရေးအချက်အလက်များအား ပူးပေါင်းဖွဲ့စည်းထားသောကုမ္ပဏီများနှင့် အခြားဆက်စပ်လုပ်ကိုင်သောကုမ္ပဏီများအား မူဝါဒတွင်ဖော်ပြထားသောအချက်များနှင့်ကိုက်ညီစွာပင် လွှဲပြောင်းမျှဝေပေးပါသည်။ သုံးစွဲသူများသည် ၎င်းတို့၏အချက်အလက်များမျှဝေခြင်းများအား

ဥပဒေကြောင်းအရအချို့ကိုတားဆီးနိုင်သော်လည်းအချို့ကိုမူမရပါ။

Mother Finance သည်လည်း အကျိုးတူပူးပေါင်းထားသော company များအား ဥပဒေမှခွင့်ပြုထားသော လွဲပြောင်း ခွင့်ရှိသည့်ကိုယ်ရေး အချက်အလက်များကိုသာ အောက်ပါနည်းလမ်းများဖြင့်လွှဲပြောင်းပေးပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ အခြားငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ။ Mother Finance မှချေးငွေများမှာ အခြားတတိယပုဂ္ဂိုလ်ချေးငွေပေးသူ သို့ အဖွဲ့အစည်းမှ ချေးယူနိုင်ပါသည်။ Mother Finance မှတဆင့် အသုံးပြုသူသည် ချေးငွေလျှောက်ထားခဲ့သည်နှင့်တပြိုင်နက် Mother Finance အပါအ၀င် ချေးငွေထုတ်ပေးထုတ်ပေးမည့်သူများထံသို့ အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များ ရောက်ရှိသွားမည်ဖြစ်သည်။ ချေးငွေထုတ်ယူနိုင်သည်နှင့်တပြိုင်နက် ထပ်မံဖြည့်စွက်ရသောအချက်အလက်များအားလည်း ဆက်လက်ပေးပို့သွားမည် ဖြစ်ပါသည်။ အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုသည် ချေးငွေထုတ်ပေးသူ သို့ အဖွဲ့အစည်း ၏ ပုဂ္ဂလိက လုံခြုံရေးဆိုင်ရာ မူဝါဒအတိုင်းပင်ဖြစ်ပါသည်။

အကျိုးတူပူးပေါင်းဆောင်ရွက်သောငွေကြေးဆိုင်ရာ platform များ။ Mother Finance အားအသုံးပြုသော အချို့သောချေးငွေပုံစံများသည်အခြားသော online platform များမှဆောင်ရွက်ပေးခြင်းများဖြစ်ပြီး ထို finance platform များသို့လည်း အသုံးပြုသူ၏အချက်အလက်များ ပေးပို့ရမည်ဖြစ်သည်။ ထိုအချက်များအား အသုံးပြုခွင့်သည်လည်း ထိုကုမ္ပဏီများ၏မူဝါဒအတိုင်းသာဖြစ်ပါသည်။

အကျိုးတူပူးပေါင်းထားသောဝန်ဆောင်မှုပေးသောအဖွဲ့အစည်းများ။ Mother Finance သည်အကျိုးတူပူးပေါင်းထားသော ဝန်ဆောင်မှုပေးခြင်းများအား ကုမ္ပဏီ၏ လုပ်ငန်းချောမွေ့စေရန်နှင့် စျေးကွက်လှုပ်ရှားမှုများအတွက်တည်မှီထားပါသည်။ ဖိုင်များသိမ်းဆည်းခြင်းနှင့်မှတ်တမ်းများထိန်းသိမ်းခြင်း၊ သုံးစွဲသူဝန်ဆောင်မှုများဆောင်ရွက်ပေးခြင်းများ၊ ဈေးကွက်ဆက်သွယ်ရေးများချိတ်ဆက်ပေးခြင်း၊ ရန်ပုံငွေလွှဲပြောင်းပေးခြင်းများ ပြုလုပ်ပေးပါသည်။ Mother Finance သည် သုံးစွဲသူ၏အချက်အလက်များအား ထိုကုမ္ပဏီများအားလွှဲပြောင်းမျှဝေသွားမည်ဖြစ်သည်။ ထိုကုမ္ပဏီများသည်သုံးစွဲသူ၏ အချက်အလက်များအား Mother Financeအား ဝန်ဆောင်မှုပေးရန်လိုအပ်သောအချိန်မှသာအသုံးပြုရမည်ဖြစ်သည်။

ချေးငွေအားဝယ်ယူနိုင်ချေရှိသူ။ Mother Finance သည်အသုံးပြုသူ၏အချက်အလက်များ၊ Mother Finance မှ ချေးငှါးယူမှုအဆင့်ကဲ့သို့သောအချက်များအား ယေဘုယျအားဖြင့် ချေးငွေဝယ်ယူနိုင်ချေရှိသူအား မျှဝေပေးပြီး ချေးငွေထုတ်ပေးနိုင်ခြင်းရှိမရှိအားဆုံးဖြတ်နိုင်ရန် ဆောင်ရွက်ပေးပါသည်။ ယင်းအချက်အလက်များသည် မည်သူမည်ဝါဆိုသည်ကိုသိရမည်မဟုတ်ပဲ Mother Finance Developer Tool နှင့် ဈေးကွက်လုပ်ဆောင်ချက်စာမျက်နှာများရှိ ချေးငွေဒေတာဖိုင်များတွင် တည်ရှိမည်ဖြစ်ပါသည်။ အသုံးပြုသူ၏ ငွေကြေးအခြေအနေအားဖော်ပြထားသော်လည်း ချေးငွေထုတ်ယူခွင့်မရမချင်း သုံးစွဲသူ၏ ကိုယ်ရေးအချက်အလက်များအား ရင်းနှီးမြုပ်နှံသူထံမျှဝေပေးသွားမည်မဟုတ်ပါ။

ချေးငွေထုတ်ပေးသူများ။ Mother Finance သည်အသုံးပြုသူ၏ချေးငွေအားကိုယ်ပိုင် platform မှတဆင့်ရောင်းချရာတွင် ချေးငွေထုတ်ပေးမည့်သူများအား အသုံးပြုသူ၏ ကိုယ်ရေးနှင့်ငွေကြေးဆိုင်ရာအချက်အလက်များပေးရပါသည်။ သို့သော်ထိုအချက်အလက်များသည် ငွေကြေးအဖွဲ့အစည်းဆိုင်ရာ ခိုင်မာသောကာကွယ်ပေးမှုရှိသော ချေးငွေထုတ်ပေးသူများကိုသာ သုံးစွဲသူ၏ အချက်အလက်များ လုံခြုံစေရန်အလို့ငှါ မျှဝေပေးမည်ဖြစ်ပါသည်။

တဆင့်ခံပါတနာများ။ အသုံးပြုသူသည်Mother Finance အား အခြားကုမ္ပဏီသို့မဟုတ်အခြားပုဂ္ဂိုလ်တစ်ဦးမှ လွဲပြောင်းပေးခဲ့သည်ဆိုလျှင် Mother Finance သည် ထိုကုမ္ပဏီ သို့မဟုတ် ပုဂ္ဂိုလ်အား သဘောတူညီမှု ပဋိဉာဉ်အရလည်းကောင်း အသုံးပြုသူ၏ လုပ်ငန်းဆက်လက်ဆောင်ရွက်နိုင်စေရန်လည်းကောင်း အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များအား လွဲပြောင်းပေးသွားမည်ဖြစ်ပါသည်။ တခါတရံတွင်မူMother Finance သည်ထိုတဆင့်ခံ ကုမ္ပဏီပါတနာများ၏အကျိုးအလို့ငှါ၊ ဥပမာ- စီစစ်နိုင်ရန်နှင့်စီးပွားရေးလုပ်ငန်းတိုးတက်စေရန်၊ ထို့အပြင်အသုံးပြုသူများအားဦးတည်သော ဈေးကွက်ကမ်းလှမ်းမှများပြုလုပ်နိုင်ရန်အတွက် အသုံးပြုသူများ၏ အချက်အလက်များမျှဝေပေးပါသည်။ အသုံးပြုသူများ၏ကိုယ်ပိုင်အခွင့်အရေးရပိုင်ခွင့်အားလည်း

အလေးထားကြောင်း ဆက်လက်ဖော်ပြမည့်အချက်များတွင်တင်ပြထားပါသည်။

ကုန်သည်များသို့မဟုတ်ဝန်ဆောင်မှုပေးသူများ။ အသုံးပြုသူများသည် ကုန်သည်များ သို့မဟုတ် ၀န်ဆောင်မှုပေးသူများမှတဆင့် ချေးငွေလျှောက်မည်ဆိုပါက Mother Finance သည် အသုံးပြုသူ၏အချက်အလက်နဲ့အတူ ချေးငွေလျှောက်ရာတွင်ပါဝင်သောကုန်သည် သို့မဟုတ် ၀န်ဆောင်မှုပေးသူများ၏ အချက်အလက်များကိုပါမျှဝေမည်ဖြစ်ပါသည်။

ငွေကြေးဆိုင်ရာဋ္ဌာနများ။ Mother Finance သည်အသုံးပြုသူများ၏အချက်အလက်များအား ငွေကြေးဆိုင်ရာအစိုးရဋ္ဌာနများသို့လည်း ငွေကြေးဆိုင်ရာသတင်းပို့မှု ဝတ္တရားအတိုင်း မျှဝေပေးအပ်သွားမည်ဖြစ်ပါသည်။

ပူးပေါင်းဖွဲ့စည်းထားသောကုမ္ပဏီများ။ Mother Finance Affiliates၊ မူဝါဒနှင့်အကျုံးဝင်သောအဖွဲ့အစည်းများနှင့် ပိုင်ဆိုင်သူသို့မဟုတ်ထိန်းချုပ်သူတူညီသောကုမ္ပဏီများမှလည်း အသုံးပြုသူ၏အချက်အလက်များအား အပြန်အလှန်မျှဝေပေးမည်ဖြစ်ပြီး သုံးစွဲသူ၏ချေးငွေပြန်ဆပ်နိုင်ချေများနှင့် သက်ဆိုင်သောအချက်များလည်း ပါဝင်မည်ဖြစ်ကာ၎င်းသည်စီးပွားရေးစီစစ်ချက်များအတွက် သို့မဟုတ် ရည်မှန်းထားသော ဈေးကွက်များအား အသုံးပြုသူများသို့ကမ်းလှမ်းနိုင်ရေးဖြစ်သည်။ အသုံးပြုသူများ၏ ကိုယ်ပိုင်အခွင့်အရေးရပိုင်ခွင့်အားလည်း အလေးထားကြောင်း ဆက်လက်ဖော်ပြမည့်အချက်များတွင်တင်ပြထားပါသည်။

ဥပဒေအကြောင်းအရာနှင့်စည်းမျဉ်းဆိုင်ရာလိုအပ်ချက်များ။ Mother Finance သည် သက်ဆိုင်သောဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေအကြောင်းရာများနှင့် အစိုးရ၏သတ်မှတ်ချက်များလိုက်နာနိုင်ရန် သို့မဟုတ်၊ ရင်းနှီးမြုပ်နှံသူများ သို့မဟုတ်ကနဦးရင်းနှီးမြုပ်နိုင်ချေရှိသူများအား လိုက်နာနိုင်စေရန် သို့မဟုတ် အတုအယောင်များအား တားဆီးနိုင်ရန်သို့မဟုတ် စာရင်းစစ်များနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်သို့မဟုတ် အကျိုးတူပူးပေါင်းထားသောအဖွဲ့များသို့ Mother Financeအား ရောင်းချသောအခါများအတွက်လည်း အချက်အလက်များ မျှဝေပေးအပ်ပါသည်။

အမည်မသတ်မှတ်ထားသောဒေတာများမျှဝေခြင်း။ Mother Finance သည် စုဆောင်းထားသော အမည်သတ်မှတ်ချက်မရှိသည့်ဒေတာဖိုင်များအားလည်းမျှဝေမည်ဖြစ်ပြီး၎င်းဒေတာများတွင်အသုံးပြုသူ၏အချက်အလက်များနှင့်အတူအသုံးပြုခဲ့သောအကျိုးတူပူးပေါင်းအဖွဲ့အစည်းများ၊ ကန့်သတ်ထားသော စီးပွားရေးပါတနာများ၊ဝန်ဆောင်မှုပေးသူများ၊ချေးငွေထုတ်ပေးသူများ၊ချေးငွေထုတ်ပေးနိုင်ချေရှိသူများနှင့် Mother Finance ၏ ပူးပေါင်းဖွဲ့စည်းထားသောကုမ္ပဏီများပါဝင်မည်ဖြစ်ပါသည်။ သို့သော်ထိုဒေတာများတွင်ပုဂ္ဂလိကသတ်မှတ်ချက်ဆိုင်ရာသိသာစေသောအချက်များမပါဝင်ပါ။

ချေးငွေလျှောက်ထားသူနှင့်ထောက်ခံပေးသူများသည် အကြောင်းအမျိုးမျိုးကြောင့် အထောက်အထားများ လိမ်လည်လှည့်ဖြားထားခြင်း၊ ချေးငွေပေးဆပ်ရန်ပျက်ကွက်ခြင်းဖြစ်ခဲ့ပါက ကြိုတင်ခွင့်ပြုချက်အရ ပေးအပ်ထားသော ချေးငွေလျှောက်လွှာနှင့် mobile app မှရယူထားသော အချက်အလက်များကို ကုမ္ပဏီမှအများသိစေရန်အကြောင်းကြားပိုခွင့်ရှိပါသည်။

အရေးကြီးသောပုဂ္ဂလိကလုံခြုံရေးဆိုင်ရာရွေးချယ်စရာများ

အကျိုးတူပူးပေါင်းဆောင်ရွက်သောအဖွဲ့အစည်းများအားအချက်အလက်များမျှဝေခြင်းသဘောတူညီချက်(တဆင့်ခံပါတနာများ) 

ပုဂ္ဂလိကလုံခြုံရေးဆိုင်ရာမူဝါဒအားလက်ခံခြင်းသည် Mother Finance မှအသုံးပြုသူ၏ အချက်အလက်များအားမည်သည့်အကျိုးတူပူးပေါင်းထားသော အဖွဲ့အစည်းကိုမဆိုလွှဲပြောင်းပေးနိုင်ပြီး ထိုအဖွဲ့အစည်းများမှ ၎င်းတို့၏ စီးပွားရေးဦးတည်ချက်အဖြစ် အသုံးပြုသူ၏ အချက်အလက်များအသုံးပြု၍အသုံးပြုသူဈေးကွက်ရှာခြင်းများပြုလုပ်နိုင်ခွင့်ကိုသဘောတူခြင်းဖြစ်သည်။ ဥပမာအားဖြင့်အသုံးပြုသူသည် website link သို့မဟုတ်ဖုန်းဖြင့်အခြားကုမ္ပဏီတစ်ခုမှ

Mother Finance သို့လွဲပြောင်းပေးခဲ့သည်ဆိုလျှင် Mother Financeသည်ချေးငွေနှင့်ပတ်သက်သောအသုံးပြုသူ၏ အချက်အလက်များအား ထိုကုမ္ပဏီသို့မျှဝေပေးမည်ဖြစ်ပါသည်။ သဘောတူညီချက်အား ဆက်လက်ဖော်ပြမည့်လုပ်ငန်းစဉ်များနှငိ့ အညီလည်း အချိန်မရွေးပြန်လည်ရုပ်သိမ်းနိုင်ပါသည်။ အသုံးပြုသူစတင်ခဲ့သောလုပ်ငန်းပြီးဆုံးရန်လိုအပ်သော အချက်များမှအပ အချက်အလက်များသည် ဘောတူညီချက်ရုတ်သိမ်းပြီးသည့်နောက်တွင်ဆက်လက်မျှဝေတော့မည်မဟုတ်ပါ။ 

(ပူးပေါင်းဖွဲ့စည်းထားသောကုမ္ပဏီများ)

ကျွန်တော်တို့ပိုင်ဆိုင်သောသို့မဟုတ်ထိန်းချုပ်ထားသောကုမ္ပဏီများသို့အချက်အလက်များမျှဝေပေးခြင်းအားထိန်းချုပ်နိုင်ခွင့်

Mother Finance သည်ပူးပေါင်းဖွဲ့စည်းတည်ထောင်ထားသောကုမ္ပဏီများသို့အသုံးပြုသူ၏ အချက်အလက်များအားဝေမျှသွားမည်ဖြစ်ပြီး ထိုကုမ္ပဏီများသည် မူဝါဒနှင့်အကျုံးဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ဝေမျှသွားမည်ဖြစ်သည်။ သုံးစွဲသူ၏အချက်အလက်များကန့်သတ်ခွင့်ကို ဥပဒေမှခွင့်ပြုထားမည်ဖြစ်ပြီး သုံးစွဲသူ၏လုပ်ငန်းများအပြ င်ချေးငွေပြန်ဆပ်နိုင်မည်ဟု ယုံကြည်ရသောအချက်များ သို့မဟုတ် သုံးစွဲသူဈေးကွက် ဦးတည်ချက်များကဲ့သို့သော အချက်များပါဝင်မည်ဖြစ်သည်။ ထိုကဲ့သို့မျှဝေနိုင်ခွင့်များအားမူဝါဒထဲမှဖယ်ထုတ်ထားချင်ပါကအောက်ပါညွှန်ကြားချက်များလိုက်နာရန်လိုအပ်ပါသည်။ မူဝါဒ ကြေငြာချက်ထုတ်ပြီး ရက်၃၀အတွင်း ဖယ်ထုတ်လိုကြောင်းအကြောင်းမကြားလျှင် စျေးကွက်ရည်ရွယ်ချက်အတွက် အသုံးပြုလိုသောအချက်များနှင့်ချေး ငွေပြန်ဆပ်နိုင်မည်ဟု ယုံကြည်ရသောအချက်များအားစတင်မျှဝေပေးမည်ဖြစ်သည်။

ပုဂ္ဂိကလုံခြုံရေးဆိုင်ရာမူဝါဒနှင့်မသက်ဆိုင်သော Mother Finance နှင့် ပူးပေါင်းဖွဲ့စည်းထားသော ကုမ္ပဏီများအားအချက်အလက်များဝေမျှခွင့်အား ဖယ်ထုတ်လိုလျှင်ကုမ္ပဏီ၏ပုဂ္ဂလိကလုံခြုံရေးမူဝါဒအရ ညွှန်ကြားချက်ပေးနိုင်ရန်အတွက်မည်ကဲ့သို့ဖယ်ထုတ်ရမည်ကိုတိုင်ပင်ရပါမည်။

ကိုယ်ရေးအချက်များနှင့်ဆက်စပ်၍ထပ်ဆောင်းအချက်များ

ကိုယ်ရေးအချက်များအားမည်ကဲ့သို့ပြောင်းလဲနိုင်သနည်း။

အသုံးပြုသူမှဖြည့်စွက်ထားသောအချက်များအားအသုံးပြုသူ၏အကောင့်ရှိ'setting'တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။မှတ်ပုံတင်ထားသောငွေချေးသူဖြစ်လျှင် password, email, phone number, bank account information or mailing address များကို နှစ်သက်သည့်အချိန်ပြောင်းနိုင်မည်ဖြစ်သည်။ ချေးငွေမရယူမီအချို့သောပြောင်းလဲမှုများသည်ချေးငွေပုံစံအသစ်ကိုရွေးချယ်ရန်လိုအပ်နိုင်ပါသည်။ သင့်လျော်သောအချိန်အတွင်းအသုံးပြုသူ၏တောင်းဆိုချက်များအားကျွန်တော်တို့မှဆောင်ရွက်ပေးမည် ဖြစ်ပါသည်။ အချို့သောအချက်များပြောင်းလဲရန်မူ bd@motherfinance.com.mm သို့ ဆက်သွယ်နိုင်ပါသည်။ အသုံးပြုသူ၏ အချက်အလက်များအား အနည်းဆုံး(၇)နှစ်ထိန်းသိမ်းထားမည်ဖြစ်ပြီး ထို့အပြင်အသုံးပြုသူများအားဝန်ဆောင်မှုပေးနေသမျှကာလပတ်လုံး၊ ကျွန်တော်တို့၏ ဥပဒေအကြောင်းရာများလိုက်နာခြင်း၊ အငြင်းပွားဖယ်ရာများဖြေရှင်းခြင်း၊ စီစစ်ခြင်းများဆောင်ရွက်ခြင်း၊ စာရင်းစစ်များလိုအပ်သမျှ ကာလပတ်လုံးအပြင် သဘောတူညီချက်များပြဌာန်းခြငိးနှင့် အခြားဥပဒေကြောင်းဆိုင်ရာလိုအပ်ချက်များအတိုင်း ထိန်းသိမ်းသွားမည်ဖြစ်သည်။

Mother Finance မှအချက်အလက်များအားလုံခြုံအောင်မည်ကဲ့သို့ဆောင်ရွက်သနည်း

Mother Finance သည်သတ်မှတ်ထားသော စိတ်ချရသည့်လုံခြုံရေးအကာအကွယ်များ အသုံးပြုပါသည်။ အရာဝတ္ထုဆိုင်ရာ၊နည်းပညာ(လျှပ်စစ်ဆိုင်ရာ)နှင့် စနစ်တကျထိန်းချုပ်မှုများဖြင့် ကာကွယ်ထားပါသည်။ အချက်အလက်များပေးပို့စဉ်အချိန်နှင့် လက်ခံပြီးအချိန်များတွင်ပါ ကာကွယ်ပေးပါသည်။ အချက်အလက်များလုံခြုံရေးနှင့်ပတ်သက်၍သိရှိလိုပါလျှင် bd@motherfinance.com.mm သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ Mother Finance သည်ဆာဗာအားလုံး၌ Extended Validation (EV) Secure Socket Layer(SSL) များတပ်ဆင်ထားပြီး အသုံးပြုသူများ website ကို အသုံးပြုသောအချိန်တွင် ဖြည့်သွင်းသော အချက်အလက်များအားလုံးသည်ကျန်သောဆာဗာများထံသို့လုံခြုံစိတ်ချရသောလမ်းကြောင်းများမှဖြတ်သန်း ပေးပို့မည်ဖြစ်ပါသည်။ စနစ်ထဲရောက်သောအခါတွင်လည်း ထိုအချက်အလက်များသည်သတ်မှတ်ထားသောဆားဗစ်နေရာများမှသာဖတ်ရှုခြင်းရေးသားခြင်းပြုလူပ်နိုင်မည်ဖြစ်ပြီးထိုလုပ်ငန်းစဉ်သည်လျို့ဝှက်နံပါတ်များဖြင့်လည်းကာကွယ်ထားပါသည်။ အချက်အလက်လုံခြုံရေးအတွက်နည်းပညာကာကွယ်ရေး စနစ်များဖြစ်သော combination of encryption, firewalls, intrusion detection system, malware detection system များဖြင့်ကာကွယ်ထားပါသည်။ ထို့အပြင်Mother Finance သည်စနစ်များနှင့်လုပ်ငန်စဉ်များအား အားနည်းချက်ရှာဖွေခြင်းများအားလည်း ပုံမှန်ပြုလုပ်ပါသည်။ System ထဲသို့ဝင်ရောက်ခွင့်မှာလည်း တင်းကျပ်စွာထိန်းချုပ်ထားသည့်အပြင် သတင်းရယူရန်လိုအပ်သူမှသာဝင်ခွင့်ရမည်ဖြစ်သည်။ အုပ်ချုပ်မှုကာကွယ်ရေးအနေဖြင့် စနစ်တကျလေ့ကျင့်ပေးထားသူများနှင့်ယုံကြည်ရသူများသာ သတင်းအချက်အလက်များအား ရယူခွင့်ရှိမည်ဖြစ်ပြီး ထို့ပြင်လုံခြုံရေးသတိပေးပရိုဂရမ်များ၊ နောက်ကွယ်မှစစ်ဆေးချက်များနှင့် အတွင်းသတင်းအချက်အလက်များ အသုံးပြုနိုင်သောမူဝါဒများအားလည်း အုပ်ချုပ်မှုကာကွယ်ရေးစနစ်အနေဖြင့်ထားရှိပါသည်။

ဒေတာစင်တာလုံခြုံရေး

ကျွန်တော်တို့သည်ထိခိုက်လွယ်သောငွေကြေးဆိုင်ရာအချက်အလက်များအား state-of-the-art တွင် သိမ်းဆည်းထားပါသည်။ ၎င်းသည်အလွန်လုံခြုံသော ဒေတာစင်တာဖြစ်ပြီး SSAE 16 Type 2 နှင့်/ သို့မဟုတ်SOC 2 Type 2 စံညွှန်းများနှင့်အညီအစစ်ဆေးခံပြီးဖြစ်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ဝင်ရောက်ခွင့်များကိုလည်း ဒေတာစင်တာတွင်တင်းကျပ်စွာထိန်းချုပ်ထားပြီး နောက်ဆုံးပေါ် ခြိမ်းခြောက်မှုကာကွယ်ရေး နည်းပညာများဖြစ်သော network and web application firewalls, VPN, antivirus, Web filtering and anti-spam technologies များအသုံးပြုထားပါသည်။

လုပ်ငန်းပြီးဆုံးစေခြင်း (Session Time-outs)

အသုံးပြုသူ၏အကောင့်အား လုံခြုံစေရန် လုပ်ငန်းပြီးဆုံးစေခြင်းစနစ်အား ကျွန်တော်တို့ ထည့်သွင်းပေးထားပါသည်။ အသုံးပြုသူသည် အချိန်အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့ App အား အသုံးမပြုပဲထားလျှင်အသုံးပြုသူသည်App မှ အလိုအလျောက် ပြန်လည်ထွက်ခွာသွားမည် ဖြစ်သည်။ ထိုကဲ့သို့ထွက်သွားစေခြင်းသည်အသုံးပြုသူသည်မေ့လျော့ကာ ကွန်ပြူတာအားဖွင့်ထားခဲမိ့လျှင် တစ်စုံတစ်ယောက်မှ ထိုအသုံးပြုသူ၏ အကောင့်အား ဝင်ရောက်အသုံးပြုနိုင်ခြင်းမှ ကာကွယ်ပေးထားခြင်း ဖြစ်သည်။

လျို့ဝှက်နံပါတ်

အသုံးပြုသူသည်အနည်းဆုံးအနေဖြင့်လျို့ဝှက်နံပါတ်အားနံပါတ်တွင်မကပဲအက္ခရာပါပူးတွဲ၍ သတ်မှတ်သင့်သည်။ အကယ်၍လျို့ဝှက်နံပါတ်အား မေ့လျော့သွားခဲ့လျှင်လည်း လုံခြုံစိတ်ချရသောအဆင့်များဖြင့် အကောင့်အားပြန်လည်ဝင်ရောက်နိုင်ရန်လည်းကျွန်တော်တို့ဆောင်ရွက်ပေးပါသည်။ အခြားသူများခန့်မှန်းရခက်သော လျို့ဝှက်နံပါတ်မျိုးကို ရွေးချယ်ရန်လိုပြီး မကြာခဏလည်း ပြောင်းလဲသတ်မှတ်သင့်ပါသည်။

ကိုယ်ရေးအချက်အလက်များပိုမိုလုံခြုံစေရန်ထပ်မံလုပ်ဆောင်သင့်သောအချက်များ

Mother Finance သည်အသုံးပြုသူ၏အကောင့်နှင့်ပတ်သက်၍အရေးကြီးသောအချက်များအား email / App မှတဆင့်ပို့ပေးမည်ဖြစ်သည်။ ထို့ကြောင့် အသုံးပြုသူ၏ email/App အားလည်း လုံခြုံမှုမြင့်စေရန်ဆောင်ရွက်သင့်ပြီး email /App password အားလည်းမကြာခဏပြောင်းသင့်သည်။ ထိုအပြင်အတုအယောင် email များကိုလည်းသတိထားသင့်သည်။ ထိုကဲ့သို့သော email များကို' phishing'ဟုခေါ်ပြီး Mother Finance ကုမ္ပဏီ ဖြစ်ပါသည်ဟု ပြောဆိုပြီး အသုံးပြုသူ၏ အကောင့်အချက်အလက်များ သို့မဟုတ် အခြားအကောင့်တစ်ခု၏ အချက်အလက်များတောင်းဆိုတတ်သည်။ Mother Finance သည် အသုံးပြုသူ၏ ဝင်ရောက်ရန် လိုအပ်သောအချက်များအား မည်သည့်အခါမျှ email ဖြင့်တောင်းဆိုမည်မဟုတ်ပါ။ ကျွန်တော်တို့၏ App အား အသုံးပြုပြီးသောအခါ အသုံးပြုသူသည်စနစ်တကျသေချာစွာပြန်လည်ထွက်ရန်လိုအပ်ပါသည်။ ထို့နောက်App အား ပိတ်ရန်လိုအပ်ပြီး cache files and saved passwords များအား သေချာရှင်းလင်းရန် လိုအပ်ပါသည်။ ထိုအချက်သည် အရေးကြီးသည် အချက်ဖြစ်ပြီး အထူးသဖြင့်အများသုံးစာကြည့်တိုက်နှင့်internet cafeကဲ့သို့သော phone မျှဝေသုံးစွဲရသောနေရာများအတွက်ပိုမိုအရေးကြီးပါသည်။

မူဝါဒအပြောင်းအလဲများ

အသစ်ပြောင်းလဲထားသောပုဂ္ဂလိကလုံခြုံရေးဆိုင်ရာမူဝါဒသည် website ပေါ်တွင်ဖော်ပြသည်နှင့်တပြိုင်နက် အသက်ဝင်မည်ဖြစ်သည်။ အရေးကြီးသော ပြောင်းလဲမှုများပြုလုပ်ခဲ့လျှင် အသုံးပြုသူများထံ email/App မှတဆင့် အကြောင်းကြားမည်ဖြစ်သည်။ သို့မဟုတ်ပြင်ဆင်တည်းဖြတ်ထားသောမူဝါဒအား Mother Finance မှတဆင့်အသုံးပြုသူအကောင့်များတွင်ဖော်ပြသွားမည်ဖြစ်ပါသည်။ မူဝါဒအသစ်အားသိရှိပြီးနောက် ကျွန်တော်တို့၏ ဝန်ဆောင်မှုအားဆက်လက်အသုံးပြုမည်ဆိုပါက အသုံးပြုသူသည်မူဝါဒအသစ်အားလက်ခံသည်ဟု အဓိပ္ပါယ်သက်ရောက်မည်ဖြစ်ပါသည်။ သီးခြားအချက်အလက်များအတွက်ဖြစ်စေသို့မဟုတ်Mother Finance ၏မူဝါဒနှင့်လုပ်ဆောင်ချက်များအား မေးမြန်းလိုသောအခါတွင်ဖြစ်စေ bd@motherfinance.com.mm သို့မေးခွန်းနှင့်သိလိုသော အကြောင်းအရာများပေးပို့မေးမြန်းနိုင်ပါသည်။ ထို့အပြင်မေးခွန်းနှင့်သိလိုသော အကြောင်းအရာများအား အောက်ပါလိပ်စာသို့လိပ်မူ၍လည်းမေးမြန်းနိုင်ပါသည်။

 Mother Finance Co., Ltd. Attn: ဥပဒေနှင့်စုံစမ်းရေးဌာန၊ အမှတ်၄၄/၄၆လမ်း၂၊ အကွက်၁။

လမ်းမတော်မြို့နယ်၊ ရန်ကုန်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။

အကျုံးဝင်သည့်နေ့၊ ဂျုလိုင် ၁၊၂၀၁၈