Mother Finance

အသုံးပြုသူများအတွက်စည်းကမ်းချက်များ

အသက်ဝင်သည့်နေ့၊ ဇူလိုင်လ ၁ရက်၊ ၂၀၁၈ခုနှစ်

အကြောင်းအရာအကျဉ်းချုပ်

ဤအသုံးပြုသူများအတွက်စကားရပ်များနှင့်စည်းကမ်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ ကုမ္ပဏီများအက် ဥပဒေအရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်သည့် Mother Finance Android Applcation (Mother Finace App သို့မဟုတ်App) ကိုပြုလုပ်ပေးသည့် ငွေရေးကြေးရေး လုပ်ငန်း လိုင်စင်အမှတ် NBFI/FC(R)-11/08/2016 နှင့်ပက်သက်နေသော Mother Finance Co., Ltd. နှင့် သင် (အမှန်တကယ်ကုန်ပစ္စည်းအားအသုံးပြုသူ သို့မဟုတ် သင်) အကြားတွင် သဘောတူထားသည့် ငွေကြေး ဝန်ဆောင်မှုထောက်ပံ့သူနှင့် အမှန်တကယ်အသုံးပြုသူကြားရှိ သဘောတူညီမှုစာချုပ်ဖြစ်ပါသည်။ဤ Mother Finance App မှ အသုံးပြုသူများအား (ကြိုတင်ရယူငွေ) ချေးငွေနှင့်ပက်သက်၍အထူးအခွင့်အရေးများ ပေးအပ်ထားပါသည်။ အမြင့်ဆုံးသောအကျိုးခံစားခွင့်မှာ တစ်ဦးချင်းချေးယူသူများ၏ ရမှတ်များ၊ အကြွေးပြန်ဆပ်ထားမှုမှတ်တမ်းများ၊ အခြားအချက်များအပေါ် မူတည်၍ ပြောင်းလဲပါမည်။ ငွေထုတ်ယူရာတွင်ပါဝင်သည့်ကုန်ကျစရိတ်များမှာ (၁ မှ ၅ ရာခိုင်နှုန်းပမာဏမှ ရက်ပေါင်း၁၈၀ကာလအတွင်းထိ) ပြောင်းလဲ နိုင်သည့် ဝန်ဆောင်မှုစရိတ် နှင့် ချေးငွေလက်ခံအသုံးပြုသူမှအသုံးပြုသည့် တယ်လီဖုန်းကွန်ယက်အတွက်ကျသင့်ငွေများပါ ပါဝင်ပါသည်။

ချေးငွေ(ကြိုတင်ရယူငွေ) လက်ခံအသုံးပြုသူသည် ရယူထားသည့်ချေးငွေအပြင် ၀န်ဆောင်မှုစရိတ်စုစုပေါင်းကိုပါ ချေးငွေထုတ်ပေးသည့်သူမှ သတ်မှတ်ထားသည့်အချိန်နှင့် ပြန်ပေးရမည့်ပ မာဏဇယားအတိုင်း ပြန်လည်ပေးဆပ်ရန်လိုပါသည်။ ငွေယူခြင်းအတွက် စည်းကမ်းချက်များတွင် ကြိုတင်ယူမည့်ငွေပမာဏ၊ ပြန်လည်ပေးဆပ်ရမည့် ဇယားပုံစံ၊ အသုံးပြုသည့်အတွက် ဝန်ဆောင်ခစရိတ် နှင့် ငွေပေးသည့်သူမှ သတ်မှတ်ထားသည့်အခြား လိုအပ်သည့် စရိတ်များလည်း ပါဝင်ပါသည်။ အသုံးပြုသည့်သူများအတွက်စည်းကမ်းချက်များ (ကျွန်ုပ်တို့၏ ငွေကြိုတင်ထုတ်ပေးသည့်စာ ချုပ်နှင့်အတူ)သည် ပြည့်စုံသည့်စည်းကမ်းချက်နှင့်စကားရပ်များ အဖြစ် ရေးဆွဲထားခြင်းဖြစ်ပါသည်။ ဤစည်းကမ်းချက်များနှင့် စကားရပ်များနှင့် ပက်သက်၍ မည်သည့်ပြင်ဆင်ပြောင်းလဲမှု သို့မဟုတ် ပြောင်းလဲမှုများသည် အဆိုပါ ပြင်ဆင်မှု သို့မဟုတ် ပြောင်းလဲမှုကို စတင်အသိပေးထုတ်ပြန်သည့်နေ့တွင် အသက်ဝင်ပြီး အဆိုပါ ပြင်ဆင်မှု သို့မဟုတ် ပြောင်းလဲမှုကို လိုက်နာရမည်မှာ အသုံးပြုသူ၏ တာဝန်ပင်ဖြစ်ပါသည်။ ငွေကြိုတင်ပေးမှုကို လက်ခံပြီးသည်နှင့်တပြိုင်နက် သင်သည် အောက်တွင် ဖော်ပြထားသည့်ဖော်ပြချက်များအပါဝင် စည်းကမ်းချက်များအားလုံးကို ကောင်းစွာဖတ်ရှုနားလည်သဘောပေါက်သဖြင့်လက်ခံသည်ဟု မှတ်ယူသည်။

ကျွန်ုပ် Mother Finance Co., Ltd. နှင့် ဤ Mobile App တို့အား ကျွန်ုပ်ကြိုတင်ငွေယူထားသည့် Application သို့ သတင်းအချက်အလက်များ ရယူရန် ဝင်ရောက်ကြည့်ရှုခြင်းအား ခွင့်ပြုထားပြီး Mother Finance Co., Ltd. နှင့် ဤ Mobile App တို့အား ငွေကြိုတင်ယူခြင်းနှင့်ပက်သက်၍ ကျွန်ုပ်မှ မှတ်ပုံတင်ပြီး ဝင်ရောက်သည့်အခါ ကျွန်ုပ်၏အကောင့်မှ အသေးစိတ်အချက်အလက်များကိုလည်း ပေးသည့်အပြင် Mother Finance Co., Ltd. နှင့် ပက်သက်၍ သို့မဟုတ် ၎င်း၏အဖွဲ့ဝင်သည့်အခါ ထုတ်ဖော်ပြောဆိုချက်များနှင့် ပက်သက်၍ ပြောဆိုချက်(တောင်းဆိုချက်)များကိုလည်း ရှောင်ကြဉ်ပါမည်။

ကျွန်ုပ်မှ Mother Finance Co., Ltd. နှင့်ဤ Mobile App တို့အား မှတ်ပုံတင်ထားသည့်ချေးငွေစာရင်းဌာနမှကျွန်ုပ်၏ ချေးငွေယူခြင်း/ပေးခြင်းနှင့် ပက်သက်သည့်မှတ်တမ်းများနှင့်ချေးငွေယူခြင်းအားပြောင်းလဲ အကဲဖြတ်ရန်အတွက် အခြားသောလိုအပ်သည့်အချက်အလက်များ ကြည့်ရှုခြင်းကိုလည်း ခွင့်ပြုပေးပါသည်။

အပိုဒ် ၁။ စကားရပ်များအား အနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်း

ဤသဘောတူညီချက်တွင်အသုံးပြုထားသောစကားရပ်များသည်အောက်ဖော်ပြပါ အနက်အဓိပ္ပါယ်ရှိစေရမည်။

သဘောတူညီချက် ဆိုသည်မှာ ဤအသုံပြုသူအတွက်စည်းကမ်းချက်နှင့်စကားရပ်ကိုဆိုသည်။

အကောင့် ဆိုသည့်မှာ Mother Finance တွင် သင်ဖွင့်လှစ်ထားသည့် အကောင့်ကိုဆိုသည်။

အလုပ်ဖွင့်ရက် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ အများပြည်သူပိတ်ရက်များ သို့မဟုတ် တရားဝင် သတ်မှတ်ထားသည့်ပိတ်ရက်များ သို့မဟုတ်စနေ၊ တနင်္ဂနွေနေ့များမှတစ်ပါး အခြားရက်များကိုဆိုသည်။

သင့်တော်သည့်အရည်အချင်း (သတ်မှတ်ချက်)များဆိုသည်မှာ Mother Finance App မှ အကဲဖြတ်ရန် နှင့် သင့်အကောင့်စတင်အသုံးပြုလည်ပတ်နိုင်ရေးအတွက်အသုံးပြုသင့် သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာ သင့်တော်သည့် အရည်အချင်း (သတ်မှတ်ချက်)များကို ဆိုသည်။

ကြိုတင်ရယူငွေ (ချေးငွေ/ချေးငွေ) ဆိုသည်မှာ Mother Finance မှ အသုံးပြုသူများအတွက် စည်းကမ်းချက်များ အရ ပေးထားသည့်ချေးငွေကိုဆိုသည်။

ချေးငွေနှင့်ပက်သက်သည့် သတင်းအချက်အလက်ထောက်ပံ့ဌာနဆိုသည်မှာ ဥပဒေနှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ လူတစ်ဦးချင်းစီ၊ အဖွဲ့အစည်းများ၊ စီးပွားရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် ပက်သက်သည့် အချက်အလက်များ စုဆောင်း၊ ပြုပြင်၊ ဆန်းစစ်သည့် Myanmar Credit Bureau Limited ကိုဆိုသည်။

E-Money ဆိုသည်မှာ ငွေစက္ကူနှင့်ညီမျှသော သင့်အကောင့်အတွင်းရှိ အီလက်ထရောနစ်နည်းပညာ ဖြင့်ဖော်ပြထားသော ငွေတန်ဖိုးကိုဆိုသည်။

အလိုအလျောက်ရွေးချယ်သည့်(ပျက်ကွက်သည့်) အခြေအနေဆိုသည်မှာ နည်းပညာဆိုင်ရာပြဿနာ သို့မဟုတ် ညွှန်ကြားမှုအမှားကြောင့်ဖြစ်ပေါ်လာသည့်ငွေပေးရန်ပျက်ကွက်မှုမျိုးမဟုတ်ဘဲ ဤသဘေ တူညီချက်အရသင့်မှရက်(၃၀)အတွင်း သင့်အားခွင့်ပြုပေးထားသည့်ချေးငွေအား

ပြန်ပေးရမည့်ရက်ပြည့်သော်လည်း ပေးချေရန်ပျက်ကွက်သည့်အခြေအနေတွင် ပေါ်ပေါက်လာခြင်းကိုဆိုသည်။

မလွှဲရှောင်နိုင်သည့်ဖြစ်ရပ်ဆိုသည်မှာ အစိုးရ၏အမိန့်ကြောင့် သို့မဟုတ်အလုပ်သမားအငြင်းပွားမှု၊ ဆန္ဒပြမှု၊ သဘာဝဘေးအန္တရာယ်ကြောင့်

ဖြစ်သည့်အခြေအနေများအပါအဝင်သင့်တော်သည့်ထိန်းချုပ်မှု၊ ဂရုပြုမှုများပြုလုပ်သော်လည်း ဖြစ်ပွားသွားသည့် အဖြစ်အပျက်၊ အခြေအနေ သို့မဟုတ် အကြောင်းချင်းရာတို့ကိုဆိုလိုသည်။

ဟန့်တားနှောင့်ယှက်မှုဆိုသည်မှာ လူတစ်ဦးမှ မည်သည့်ပေါင်နှံမှုသို့မဟုတ်ကောက်ခံမှု (ဥပဒေနှင့်ညီသည်သို့မဟုတ်မျှတမှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ)၊ ပိုင်ဆိုင်ခွင့်၊ ယုံကြည်အပ်နှံထားမှု၊ ရွေးချယ်ခွင့်၊ အကျိုးအမြတ်ခံစားခွင့်၊ တောင်းဆိုမှု၊ တင်သွင်းချက်၊ ရပိုင်ခွင့်၊

ယုံကြည်အပ်နှံမှုဆောင်ရွက်ချက် သို့မဟုတ် မည်သည့်ကန့်သတ်ချက် သို့မဟုတ် အခြားအဟန့်အတားများ၊ ငွေကြေးရယူရန်အတွက် အခြားအပ်နှင်းထားသည့်အခွင့်အရေးများ ပါဝင်သည်။

လိုင်စင်ပါကန့်သတ်ချက်များ ဆိုသည်မှာ အသုံးပြုသူမှ စည်းကမ်းချက်များဖောက်ဖျက်သည့်အခါ အပိုဒ် (၃)တွင် ဖော်ပြထားသည့် အရေးယူဆောင်ရွက်ခြင်းများကိုဆိုသည်။

ချေးငွေ ဆိုသည်မှာ ကြိုတင်ချေးငွေရယူသည့်အချိန်မှစ၍ ဖြစ်ပေါ်လာသည့်အဓိကငွေကြေးပမာဏ သို့မဟုတ် Mother Finance App မှ ဤသဘောတူညီချက်အရ အခါအားလျှော်စွာ Mother Finance မှ ပေးအပ်မည့်သို့မဟုတ်ပေးထားသည့် အဓိကကြိုတင်ရယူငွေ (ချေးငွေ)ကိုဆိုသည်။

မိုဘိုင်းဖုန်းအတွင်းရှိငွေကြေးစာရင်းအကောင့် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ

မိုဘိုင်းဖုန်းအတွင်းရှိငွေကြေးထောက်ပံ့သူများမှ ထိန်းသိမ်းထားသည့် မှတ်တမ်းများအရ မိုဘိုင်းဖုန်းအတွင်းရှိငွေကြေးထောက်ပံ့သူ၏စနစ်မှ သင့်ထံသို့ အခါအားလျှော်စွာပေးအပ်ထားသည့် သင့်မိုဘိုင်းဖုန်းအတွင်း သိုလှောင်သိမ်းဆည်းထားသည့်ငွေကြေးပမာဏကိုဆိုလိုသည်။

မိုဘိုင်းဖုန်းအတွင်းရှိငွေကြေး ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းဖုန်း များမှငွေကြေးထောက်ပံ့သူများမှ လုပ်ဆောင်လည်ပတ်ထားသည့် ငွေကြေးလွှဲပြောင်းမှုနှင့် ငွေကြေးပေးချေမှုစနစ်ကိုဆိုသည်။

မိုဘိုင်းဖုန်းအတွင်းရှိငွေကြေးဝန်ဆောင်မှုစနစ် ဆိုသည်မှာ မိုဘိုင်းဖုန်းအတွင်းရှိ ငွေကြေးစနစ်မှတဆင့်မိုဘိုင်းဖုန်းမှငွေကြေးထောက်ပံ့သူများမှ ပေးအပ်ထားသည့် ငွေကြေးလွှဲပြောင်းမှုနှင့်ငွေပေးချေးမှုဝန်ဆောင်မှုကိုဆိုသည်။

မိုဘိုင်းဖုန်းအတွင်းရှိငွေကြေးစနစ် ဆိုသည်မှာ မိုဘိုင်းဖုန်းများအတွင်းမှငွေကြေးပေးအပ် (ထောက်ပံ့)ရန် အတွက် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းဖုန်း မှငွေကြေးထောက်ပံ့(ပေးအပ်)သူများမှ လုပ်ဆောင်လည်ပတ်ထားသည့်စနစ်ကိုဆိုသည်။

မိုဘိုင်းဖုန်းမှကွန်ယက်ဝန်ဆောင်မှုပေးသူ သို့မဟုတ် မိုဘိုင်းဖုန်းအတွင်းမှငွေကြေးထောက်ပံ့သူ ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှတ်ပုံတင်ထားသည့် မိုဘိုင်းကွန်ယက်ဝန်ဆောင်မှုပေးသူကိုဆိုသည်။

ဆက်သွယ်မှုကွန်ယက် ဆိုသည်မှာ မိုဘိုင်းဖုန်းမှကွန်ယက်ဝန်ဆောင်မှုပေးသူမှ လုပ်ဆောင်လည်ပတ် ထားသည့် မိုဘိုင်းဆယ်လူလာကွန်ယက်ကိုဆိုသည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက် ဆိုသည်မှာ သင်၏ဖုန်းနံပါတ်၊ အမည်၊ မွေးနေ့၊ မှတ်ပုံတင်အမှတ် သို့မဟုတ် ပါတ်စပို့စ်နံပါတ် နှင့် သင့်အားကျွန်ုပ်တို့မှ သင်ဖြစ်ကြောင်း အသိအမှတ်ပြုနိုင်သည့်အခြား အချက်အလက်များအပြင် သင့်အားဝန်ဆောင်မှုအသုံးပြုသူအဖြစ် သတ်မှတ်နိုင်သည့်အခြား လိုအပ်သည့်အချက်အလက်များကိုဆိုသည်။

ပုဂ္ဂိုလ်ရေးဆိုင်ရာလျှို့ဝှက်ချက်မူဝါဒများ ဆိုသည်မှာ ကျွန်ုပ်တို့မှဆက်လက်လုပ်ဆောင်ရန်အတွက် သင့်ထံမှ စုစည်းကာပြုလုပ်ထားသည့် သို့မဟုတ် ကျွန်ုပ်တို့မှသင့်ထံမှ ရယူထားသည့် မည်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာအခြေခံအချက်များ စသည့် Mother Finance ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလျှို့ဝှက်ချက်မူဝါဒများကိုဆိုသည်။

စပ်ဆိုင်သည့်သတင်းအချက်အလက်များ ဆိုသည်မှာ ကန့်သတ်ထားခြင်းမရှိသည့် သင့်ဖုန်း(စက်) အတွင်းရှိ အချက်အလက်များ (သင့်ဖုန်းအတွင်းရှိသင့်မှအသုံးပြုထားသည့်မှတ်တမ်းများ)၊ မိုဘိုင်းဖုန်း မှငွေကြေးထောက်ပံ့(ပေးအပ်သူ)မှ သင့်ထံပေးပို့ထားသည့်စာတိုများ၊

သင်အသုံးပြုသည့်မိုဘိုင်းဖုန်း အတွင်းရှိငွေကြေးဝန်ဆောင်မှုပေးသူများမှတဆင့် သင့်ထံပေးပို့ထားသည့်စာတိုများ၊ ကျွန်ုပ်တို့မှ ဝန်ဆောင်မှု ပေးအပ်ရန်ရည်ရွယ်သည့်အခါ လိုအပ်သည့်၎င်းတို့နှင့်သက်ဆိုင်သည့်အခြားသောသတင်း အချက်အလက်များကိုဆိုသည်။

တောင်ခံမှု/တောင်းဆိုမှု ဆိုသည်မှာ ယင်းအပေါ် Mother Finance မှဆက်လက်လုပ်ဆောင်ရန် ခွင့်ပြုသည့်အပေါ် ကွန်ယက်နှင့်စနစ်မှတဆင့်သင့်ထံမှ Mother Finance မှလက်ခံရရှိသည့်ညွှန်ကြားချက်သို့မဟုတ်တောင်းဆိုမှုကိုဆိုသည်။

နောက်ကျသည့်အတွက် ကောက်ခံသည့်အခကြေးငွေ ဆိုသည်မှာ သင့်မှကျွန်ုပ်တို့ထံသတ်မှတ် ထားသည့်ရက်အတွင်းပေးချေရန် ပျက်ကွက်သည့်အခါ သင်မှပေးဆောင်ရမည့် နောက်ကျသည့်ကုန်ကျစရိတ်ကိုဆိုသည်။

ဝန်ဆောင်မှု တွင်Mother Finance မှ သဘောတူညီချက်နှင့်အညီသင့်ထံပေးအပ်ထားသည့် မည်သည့် ဝန်ဆောင်မှုပုံစံမဆို (သို့မဟုတ်) ထုတ်ကုန်မဆို ပါဝင်ပြီး ယင်းအပေါ် သင်မှ အခါအားလျှော်စွာ သတ်မှတ်ထား သည့်လစဉ်ကြေး/နှစ်စဉ်ကြေး စသည့်အခကြေးငွေများ ပေးဆောင်သဖြင့်

သင့်ထံပေးအပ်ထားသည့်ဝန်ဆောင်မှုများပါဝင်သည်။

ဆင်းကဒ် ဆိုသည်မှာ မိုဘိုင်းငွေကြေးစာရင်းအကောင့်ကို အသုံးပြုရန်နှင့် ကွန်ယက်သို့ဝင်ရောက် ကြည့်ရှုရန်အတွက် သင့်ဖုန်းနှင့်သင့်တော်သည့်သင်မှအခကြေးငွေပေး၍ အသုံးပြုရသည့်ဆက်သွယ်မှုကိုဆိုသည်။

စာတို ဆိုသည်မှာ သင့်ဖုန်းမှအခြားဖုန်းသို့စာသားရိုက်နှိပ်၍ လွှဲပြောင်းပေးပို့သည့်၊ စာတိုပို့သည့်ဝန်ဆောင်မှုစနစ်ကိုဆိုသည်။

စနစ် ဆိုသည်မှာ ဝန်ဆောင်မှုအတွက်ရည်ရွယ်၍ Mother Finance မှ သင်နှင့်ဆက်သွယ်ရန် အတွက်ပြုလုပ်ထားသည့် အီလက်ထရောနစ်ဆက်သွယ်မှုဆော့ဝဲကိုဆိုသည်။ မိုဘိုင်းကွန်ယက်ဝန်ဆောင်မှု မှတဆင့် ဤသဘောတူညီချက်အတွက်ရည်ရွယ်၍ ပြုလုပ်ထားသည့်ဝန်ဆောင်မှုစနစ်ဖြစ်သည်။

နည်းပညာ ဆိုသည်မှာ App မှထောက်ပံ့ပေးထားသည့်သို့မဟုတ်အသုံးပြုသည့်ဝန်ဆောင်မှုကိုဆိုသည်။

နည်ပညာဆိုင်ရာဝန်ဆောင်မှုစရိတ် သို့မဟုတ် ဝန်ဆောင်မှုစရိတ် တွင် ဝန်ဆောင်မှုအသုံးပြုရန် အတွက်

ကောက်ခံသည့်မည်သည့်ကုန်ကျစရိတ်နှင့် ကျသင့်ငွေကိုမဆို ဆိုသည်။ ဝန်ဆောင်မှုစရိတ်မှာ ကျွန်ုပ် တို့၏သုံးသပ်ဆုံးဖြတ်ချက်နှင့်အညီ အချိန်မရွေးပြောင်းလဲနိုင်သည်။

စည်းကမ်းချက်များမှာ ကြိုတင်ငွေရယူခြင်းသဘောတူညီချက်စာချုပ်နှင့် Mother Finance မှ လုံခြုံရေး ဆိုင်ရာမူဝါဒနှင့်အညီ သတ်မှတ်ထားသည့်(ပါဝင်သည့်) ဤအသုံးပြုသူ၏ စည်းကမ်းချက်များကိုဆိုသည်။

‘‘ကျွန်ုပ်တို့သည့်’’ ၊ ‘‘ကျွန်ုပ်တို့ကို’’ ၊ ‘‘ကျွန်ုပ်တို့၏’’ စသည့်စကားရပ်များမှာ Mother Finance ကိုဆိုသည်။

အထက်ဖော်ပြပါအဓိပ္ပါယ်သတ်မှတ်ချက်များအပြင် စကားစပ်များ၌ အခြားနည်းဖြင့်ဖော်ပြထားခြင်း မရှိလျှင် အနည်းကိန်းများတွင် အများကိန်းများပါဝင်ပြီး အများကိန်းများတွင်လည်း အနည်းကိန်းများပါဝင်သည်။ ရည်ညွှန်းသူများတွင်လည်း ပုလ္လိင်၊ က္ကုတ္ထိလ္လိင်၊ နပုလ္လိင်တို့သည် လ္လိင်တစ်မျိုးတည်းကိုသာ ရည်ညွှန်းသည်။ ခေါင်းစဉ်ကြီး၊ ခေါင်းစဉ်ငယ်နှင့် ခေါင်းစဉ်ခွဲများအားလုံးမှာ သင့်တော်သလိုပြုလုပ်ထားခြင်းဖြစ်၍ အထူး သီးသန့်အဓိပ္ပါယ်ဖွင့်ဆိုရန်မလိုပါ။ အသေးစိတ်တင်ပြထားခြင်းများနှင့် ဇယားများကို ဤအသုံးပြုသူ၏ စည်းကမ်းချက်များတွင် တစိတ်တဒေသပါဝင်သည်ဟုမှတ်ယူရမည်။

အပိုဒ် (၂)။ စည်းကမ်းချက်များကို လက်ခံလိုက်နာခြင်း

Mother Finance ၏ App မှ သင့်အပေါ် ဖတ်ရန်၊ နားလည်ရန်နှင့် လိုက်နာရန်အတွက် တောင်းဆို ထားသည့်အပေါ် သင်မှ ‘‘ဆက်လက်သည်’’ ဆိုသည့် စကားစုအား နှိပ်လိုက်လျှင် ဤသဘောတူညီချက် စာချုပ်ပါ စည်းကမ်းချက်များကို လက်ခံသည်ဟုမှတ်ယူရမည်။ အကယ်၍ သင်မှ စည်းကမ်းချက်များကို သဘောမတူပါက ကျွန်ုပ်တို့၏ App ပေါ်ရှိ“ဆက်လက်သည်” ဆိုသည့်စကားစုကို မနှိပ်ရပါ။ သင်သတိပြုရမည်မှာ သင့်အနေဖြင့် “ဆက်လက်သည်” ဆိုသည့် စကားစုကိုမနှိပ်ပါက ဝန်ဆောင်မှုအတွင်းသို့ဝင်ရောက်ရန်နှင့် App အတွက်လိုင်စင်ရရှိရန် ပြုလုပ်နိုင်မည်မဟုတ်ပါ။

Mother Finance App ကို Internet မှကူးယူပြီး အကောင့်ဖွင့်လှစ်ခြင်းအားဖြင့် ဝန်ဆောင်မှုမှ သတ်မှတ်ထားသည့်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်သင်မှ သဘောတူရမည့်အပြင် ကျွန်ုပ်တို့မှ ဝန်ဆောင်မှုနှင့်ပက်သက်၍ သို့မဟုတ် ငွေကြေးနှင့်ပက်သက်၍၊ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ စည်းကမ်းချက်များနှင့်အညီ ကျွန်ုပ်တို့မှဘက်လိုက်ခြင်းမရှိဘဲ အခွင်းအရေးများကိုလည်း သင်မှ ရရှိမည်ဖြစ်သည်။

ဤသဘောတူညီချက်စာချုပ်ကို အခါအားလျှော်စွာ ပြောင်းလဲပြင်ဆင်နိုင်ပြီး သင်မှဝန်ဆောင်မှုကို ဆက်လက်အသုံးပြုနေပါက ထိုသို့ ပြောင်းလဲသည့်သို့မဟုတ်ပြင်ဆင်သည့်စည်းကမ်းချက်များကိုလည်း လိုက်နာရန်လိုအပ်သည်။ 

ကျွန်ုပ်တို့၏မည်သည့်ဝန်ဆောင်မှုကိုမဆို သို့မဟုတ် App ကို အသုံးပြုခြင်းအားဖြင့် သင့်ထံပေးအပ် ထားသည့်မည်သည့်ဝန်ဆောင်မှုနှင့် ထုတ်ကုန်များကိုမြှင့်တင်နိုင်သည့် ဝိုင်ယာလက်စနစ် သို့မဟုတ် အင်တာနက်ကိုအခြေခံသည့်ဝန်ဆောင်မှုအတွက် အစိတ်အပိုင်းများ၊ ဟက်ဝဲများ၊ ဆော့ဝဲများ၊ စက်များနှင့် ပက်သက်သည့်နည်းပညာဆိုင်ရာ သတင်းအချက်အလက်များကို ကျွန်ုပ်တို့မှ အသုံးပြုခြင်းနှင့် စုဆောင်းခြင်းကို သင်မှသဘောတူရမည်။ သင်မှဤဝန်ဆောင်မှုကို အသုံးပြုလျှင် သင့်မှအခွင့်အာဏာပေးထားသည့် ကျွန်ုပ်တို့မှ ပြုလုပ်သည့်အောက်ဖော်ပြပါဆောင်ရွက်မှုများကို သင်မှသဘောတူရမည်။ ထိုဆောင်ရွက်မှုများမှာ သင်မှကြိုတင်ငွေရယူထားသည့်အပေါ် အမှတ်ပေးရန်အတွက် ဆုံးဖြတ်နိုင်ရန် သို့မဟုတ် လွှဲပြောင်းခြင်း၊ စုစည်းခြင်း၊ ထိန်းချုပ်ခြင်း၊ ကျွန်ုပ်တို့၏ဝန်ဆောင်မှုကို မြှင့်တင်ရန် သို့မဟုတ် ကျွန်ုပ်တို့၏ Appကို အသုံးပြုသည့်သင့်၏ သဘောထားအတွေ့အကြုံများကို ရယူရန်အတွက်ကိုဆိုလိုသည်။

အပိုဒ် ၃။ အသုံးပြုခွင့်နယ်ပယ်

အသုံးပြုသူအတွက်သတ်မှတ်ထားသည့်စည်းကမ်းချက်ပါ စည်းကမ်းချက်များကို လိုက်နာရန်သင်မှ သဘောတူသည့်အပေါ် ထည့်သွင်းစဉ်းစား၍ အသုံးပြုသူအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာကာ သင့်ဖုန်း သို့မဟုတ် စက်အတွင်း App ကို အသုံးပြုရန်အတွက် အထူးသီးသန့်ပြုလုပ်ထားခြင်း မဟုတ်သော၊ လွှဲပြောင်းရန်မဟုတ်သော စသည်တို့ကိုလိုက်နာ၍ ကျွန်ုပ်တို့မှ သင့်ကိုခွင့်ပြုနိုင်သည်။ အခြားအခွင့်အရေးများကိုလည်း ကျွန်ုပ်တို့မှသီးသန့်ဖယ်ထုတ်ထားမည်ဖြစ်သည်။

အသုံးပြုသူအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို သီးသန့်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမှတစ်ပါး သင်သည်

  • ဤ App ကို အထူးပြုလုပ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ကူးယူခြင်း၊ ပေါင်းစပ်ခြင်း၊ ဘာသာပြန်ခြင်း၊ ချေးပေးခြင်း၊ ထပ်ဆင့်ခွင့်ပြုခြင်း၊ ဌားရမ်းခြင်း၊ အခပေးဌားခြင်းမပြုလုပ်ရန်သဘောတူရမည်။

  • အခြားသောမည်သည့်ပရိုဂရမ်အစီအစဉ်တွင်မဆို ပူးပေါင်းပါဝင်စေခြင်း သို့မဟုတ်မည်သည့် အစိတ်အပိုင်းကိုမဆို ပူးပေါင်းခြင်း သို့မဟုတ် App တစ်ခုလုံးကိုသို့မဟုတ်တစိတ်တဒေသကိုအထူးပြုခြင်း သို့မဟုတ် ပြောင်းလဲခြင်းမပြုလုပ်ရန်အတွက် သဘောတူရမည်။

  • App ၏အချက်အလက်များကို သုံးရန်ပြုလုပ်ထားသည့် ဆော့ဝဲ သို့မဟုတ် ကွန်ပျုတာ၏ လုပ်ဆောင်မှုစွမ်းရည်ကိုရရန် ရည်ရွယ်သည့်အတွက်ကြောင့် အဆိုပါလုပ်ဆောင်မှုကို တားဆီး နိုင်ခြင်းမရှိသည့် အတိုင်းအတာမှတပါး App တစ်ခုလုံးကို သို့မဟုတ် တစိတ်တဒေသကို အခြေခံ၍ ဆင့်ပွားခိုးယူဖန်တီးထားသည့် အလုပ်များ သို့မဟုတ် ပြန်လည်ပြုလုပ်ခြင်းများ သို့မဟုတ် တစိတ်တဒေသခိုးယူခြင်းများနှင့် အောက်ဖော်ပြပါအချက်အလက်များကြောင့် သတင်းအချက် အလက်များရရှိခြင်းကို မပြုလုပ်ရန် သဘောတူရမည်။

  • ကျွန်ုပ်တို့မှ အပြင်လူ (တတိယပုဂ္ဂိုလ်)ထံ စာဖြင့်သဘောတူခွင့်ပြုချက်မပါဘဲ မလိုအပ်ဘဲ ဆက်သွယ်ဆောင်ရွက်မှုမပြုရန် သို့မဟုတ်မလုပ်ဆောင်ရန်

  • App နှင့်ခပ်ဆင်ဆင်တူသည့်ဆော့ဝဲများကိုဖန်တီးခြင်းမပြုရန်

  • မည်သည့်ဆက်သွယ်ရေးနည်းလမ်းမှတဆင့်သင်မှ App တစ်ခုလုံးကို သို့မဟုတ်တစိတ်ဒေသ ကို ပြုလုပ်သည့်အခါ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ဆိုင်ရာသတိပေးချက်တစ်ခုလုံးကို ဖော်ပြရန်

  • ကျွန်ုပ်တို့မှ စာဖြင့်ရေးသားထားသည့် သဘောတူညီချက်ကို ကြိုတင်လက်ခံရရှိခြင်း မရှိဘဲ မည်သူ့ကိုမဆို မည်သည့်ပုံစံဖြင့်မဆို App တစ်ခုလုံးကို သို့မဟုတ် တစိတ်တဒေသကို အခြားနည်းဖြင့်ရရှိအောင်ပြုလုပ်ခြင်း သို့မဟုတ်ပေးအပ်ခြင်းမပြုရန်

  • လိုင်စင်ပါကန့်သတ်ချက်များနှင့်အတူ မည်သည့်ဝန်ဆောင်မှု သို့မဟုတ် App ကို ထောက်ပံ့သည့် အသုံးပြုသည့်နည်းပညာနှင့် ပက်သက်၍ ထုတ်ပြန်ထားသည့်ဥပဒေနှင့်စည်းမျဉ်းများ သို့မဟုတ် နည်းပညာဆိုင်ရာထိန်းချုပ်မှုများကို လိုက်နာရန်

လိုင်စင်ပါစည်းကမ်းချက်များ။သင်မှအောက်ဖော်ပြပါတို့ကို လုပ်ရန် ခွင့်မပြုပါ။ အကယ်၍ပြုလုပ်ပါက သင်သည် ဤသဘောတူညီချက်(စာချုပ်)ကို ချိုးဖောက်ခြင်းဖြစ်သည်။

  • App သို့မဟုတ် မည်သည့်ဝန်ဆောင်မှုကိုမဆို ဥပဒေနှင့်မညီသည့်ရည်ရွယ်ချက်အတွက် ဥပဒေနှင့်မညီသည့် အပြုအမူဖြင့်အသုံးပြုခြင်း သို့မဟုတ် အသုံးပြုသူ၏စည်းကမ်းချက်များနှင့်မညီသည့် အပြုအမူများအတွက် အသုံးပြုခြင်း သို့မဟုတ် တမင်တကာဖျက်လိုဖျက်ဆီး သို့မဟုတ် မှားယွင်းစွာပြုလုပ်ခြင်း (ဥပမာအားဖြင့် App သို့မဟုတ် မည်သည့်ဝန်ဆောင်မှု သို့မဟုတ် မည်သည့်လုပ်ဆောင်မှုစနစ်ကိုမဆို ထိခိုက်နိုင်သည့်အချက်အလက်များ၊ ဗိုင်းရပ်များပါဝင်သည့်ဖျက်ဆီးသည့်ကုဒ်များ ထည့်သွင်းခြင်း သို့မဟုတ်ဖောက်ထွင်းဝင်ရောက်ခြင်း။

  • ကျွန်ုပ်တို့၏အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကိုချိုးဖောက်ခြင်း သို့မဟုတ် အသုံးပြုသူမှလိုက်နာရမည့် စည်းကမ်းချက်များအရ ခွင့်မပြုနိုင်သည့်  အတိုင်းအတာပမာဏအထိ မည်သည့်ရုပ်ဝတ္ထုပစ္စည်းကို မဆိုတင်သွင်းခြင်း အပါအဝင်သင်မှမည်သည့်ဝန်ဆောင်မှု သို့မဟုတ် App ကိုအသုံးပြုခြင်းနှင့် ပက်သက်သည့် တတိယပုဂ္ဂိုလ်(အပြင်လူ)မှချိုးဖောက်ခြင်း။

  • မည်သည့်ဝန်ဆောင်မှုသို့မဟုတ် App ကို သင်မှအသုံးပြုခြင်းနှင့်ပက်သက်၍ အခြားနည်းဖြင့်ငြင်းပယ်နိုင်သော သို့မဟုတ်စော်ကားသော သို့မဟုတ်အသရေဖျက်သော ပစ္စည်းများလွဲပြောင်းခြင်း။

  • အခြားအသုံးပြုသူတို့ကို ဝင်ရောက်နှောင့်ယှက်သော သို့မဟုတ် ကျွန်ုပ်တို့၏လုံခြုံရေးစနစ်တွင်ပါဝင်သော သို့မဟုတ် မသင့်တော်သော သို့မဟုတ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသော၊ မစွမ်းဆောင်နိုင်သော၊ ထိခိုက်စေနိုင်သောနည်းဖြင့် မည်သည့်ဝန်ဆောင်မှု သို့မဟုတ် App ကို အသုံးပြုခြင်း။

  • မည်သည့်ဝန်ဆောင်မှုကိုမဆို လည်ပတ်စေသောစက်မှ သို့မဟုတ် စက်သို့ ဝှက်စာကိုလွှဲပြောင်းရန် ကြိုးစားခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုသို့မဟုတ်စနစ်မှသတင်းအချက်အလက်များ စုဆောင်းခြင်း သို့မဟုတ်ဖြန့်ဝေခြင်း။

အပိုဒ် ၄။ အသိဉာဏ်ပစ္စည်းဆိုင်ရာအခွင့်အရေးများ၏

အသုံးပြုသူ၏ စည်းကမ်းချက်များနှင့်အညီApp ကို သို့မဟုတ်နည်းပညာကို အသုံးပြုရန်ခွင့်ပြုထားသည့် နည်းပညာမှတစ်ပါး App နှင့်နည်းပညာများအားလုံးနှင့် ပက်သက်သည့်အသိညဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးများအားလုံးသည် ကမ္ဘာ၏ မည်သည့်နေရာတွင်ပင်ဖြစ်စေ Mother Financeမှ ပိုင်ဆိုင်ပြီး သင့်ကို အခြားအခွင့်အရေးများပေးအပ်ထားခြင်းမရှိဘဲ App ကို အသုံးပြုခွင့်ပေးခြင်းသာဖြစ်ပြီး ရောင်းချထားခြင်း မဟုတ်သည်ကို သင်လက်ခံရမည်။ သင့်တွင်App ၏ အရင်းအမြစ်ဖြစ်သည့်ကုဒ်အတွင်း ဝင်ရောက်ခွင့်မရှိသည်ကိုသင်သိရမည်။

အပိုဒ် ၅။ ဝန်ဆောင်မှုများကို အသုံးပြုခြင်း။

ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို အသက်(၁၈)နှစ်ပြည့်ပြီးမှသာလျှင် အသုံးပြုခွင့်ရှိသည်။ မိုဘိုင်းဖုန်းမှငွေကြေးပေးအပ်သူ (ထောက်ပံ့သူ)နှင့်ပက်သက်၍ သင်၏မိုဘိုင်းဖုန်းအတွင်းမှ ငွေကြေး စာရင်းအကောင့်၏ အခြေအနေများနှင့် စစ်မှန်မှုကို မှန်မမှန်စစ်ဆေးနိုင်သည့်အခွင့်အရေးသည်Mother Finance တွင်ရှိသည်။ 

ကျွန်ုပ်တို့မှ သင့်ချေးငွေလျှောက်ထားမှုကို လက်ခံလိုက်သည်နှင့်သင်၏ App တွင်ပြသမည်ဖြစ်သည်။ အခါအားလျှော်စွာ သင်၏မိုဘိုင်းဖုန်းရှိ ငွေကြေးစနစ်ကို အသုံးပြုသည့်စည်းကမ်းချက်များ အပြင် ကျွန်ုပ်တို့မှသင့်လျှောက်ထားချက်ကို လက်ခံလိုက်သည်နှင့်တပြိုင်နက် သင်နှင့်ကျွန်ုပ်တို့ အကြားတွင်ပဋိညာဉ်ဆိုင်ရာ ဆက်သွယ်ချက် ဖန်တီးခြင်းမဟုတ်ကြောင်း လက်ခံရမည်။

ကျွန်ုပ်တွင်သင့်အားမည်သည့်သတိပေးချက်သို့မဟုတ်အကြောင်းပြချက်မျှမပေးဘဲ ကျွန်ုပ်တို့၏ကိုယ်ပိုင်သုံးသပ်ချက်(ဆုံးဖြတ်ချက်)အရ မည်သည့်အဆင့်တွင်မဆိုသင်၏ကြိုတင်ရယူငွေ (ချေးငွေ) လျှေက်ထားချက်အား ငြင်းဆန်ခွင်သို့မဟုတ်ရုပ်သိမ်းခွင့်မှာ ကျွန်ုပ်တို့ထံတွင်ရှိသည်။

အခါအားလျှော်စွာ တစ်ဦးချင်းငွေချေးသူများ၏ ကိုယ်ရေးအချက်အလက် အကဲဖြတ်မှုများ အပေါ် မူတည်၍ ချေးငွေနှင့်ပက်သက်သည့်စည်းကမ်းချက်များပြောင်းလဲခြင်းနှင့်/ သို့မဟုတ် ကြိုတင်ရယူငွေ (ချေးငွေ) နှင့်ပက်သက်သည့် အငြင်းပွားမှုအကြောင်းပြချက်များအရ ငြင်းဆန်ခြင်း၊ အကြောင်းပြချက်ထုတ်ခြင်း တို့မှာ ကျွန်ုပ်တို့၏သုံးသပ်ချက်(ဆုံးဖြတ်ချက်)အရ ပြုလုပ်ပိုင်ခွင့်သည် ကျွန်ုပ်တို့ထံတွင်ရှိသည်။

အပိုဒ် ၆။ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်များ

မိုဘိုင်းဖုန်းမှ ငွေကြေးဝန်ဆောင်မှုနှင့် ၎င်းတို့၏အခြားဝန်ဆောင်မှုများ၊ ထုတ်ကုန်များကို ထောက်ပံ့ခြင်းနှင့်ပက်သက်၍သင်နှင့်သက်ဆိုင်သည့် မိုဘိုင်းဖုန်းမှငွေကြေး ပေးအပ်သူတို့ အကြားတွင် ပြုလုပ်ထားသည့် သဘောတူညီချက်နှင့်အညီ သင်၏မိုဘိုင်းဖုန်းမှ ငွေကြေးစာရင်း နှင့်ပက်သက်၍ မိုဘိုင်းဖုန်းမှငွေကြေးပေးအပ်သူများမှ ချမှတ်ထားသည့် သတင်းအချက်အလက်များအပေါ် သင်မှ ကျွန်ုပ်တို့အား ပေးထားသည့် သတင်းအချက်အလက်များနှင့်ပက်သက်၍ ကျွန်ုပ်တို့မှ စစ်ဆေးသည့်အခါ သင်မှသဘောတူခွင့်ပြုရမည်။ 

မိုဘိုင်းဖုန်းမှငွေကြေးပေးအပ်သူများမှ ချမှတ်ထားသည့်အချက်အလက်များအရ သင်၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာအချက်အလက်များကို ကျွန်ုပ်တို့မှ မှန်မမှန်စစ်ဆေးနိုင်သည်။

သင်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို မှန်မမှန်စစ်ဆေးခွင့်ပြုကြောင်း သင်မှ ကျွန်ုပ်တို့အား အခွင့်အာဏာပေးပြီး သဘောတူရမည်။

မိုဘိုင်းဖုန်းမှငွေကြေးထောက်ပံ့သူများနှင့်သက်ဆိုင်သည့် အချက်အလက်များနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ မှန်မမှန်စစ်ဆေးခြင်းနှင့် ကျွန်ုပ်တို့မှလိုအပ်သည်ဟု ထင်မြင်သည့်အတိုင်းအတာအထိ သက်ဆိုင်သည့်သတင်းအချက်အလက်များနှင့်

ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်များ အသုံးပြုခြင်းကိုသင်မှကျွန်ုပ်တို့အား သဘောတူခွင့်ပြုရမည်။

အခြားယုံကြည်အားထားရသည့်အရင်းအမြစ်များနှင့်/ သို့မဟုတ် ချေးငွေနှင့်ပက်သက်သည့် သတင်းအချက်အလက်များပေးနိုင်သည့်ဌာနမှ ပေးထားသည့်သင်၏ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်း အချက်အလက်များရယူရန် ကျွန်ုပ်တို့အားအခွင့်အာဏာပေးရမည့်အပြင် ယုံကြည်ရသည့်အရင်းအမြစ်များနှင့်/ သို့မဟုတ် ချေးငွေနှင့်ပက်သက်သည့် သတင်းအချက်အလက်များပေးနိုင်သည့်ဌာနမှ ထိုပုဂ္ဂိုလ်ရေးဆိုင်ရာအချက်များ ထောက်ပံ့ပေးခြင်း နှင့်ထုတ်ပေးခြင်းကိုသဘောတူခွင့်ပြုရမည်။

သင်၏ချေးငွေရယူခြင်းလျှောက်ထားလွှာနှင့်ဆက်စပ်၍ မည်သည့်အချိန်တွင်မဆို နောက်ထပ်သတင်း အချက်အလက်များတောင်းခံခွင့်သည် ကျွန်ုပ်တို့ထံတွင်ရှိသည်။ သင်မှ ကျွန်ုပ်တို့မှသတ်မှတ်ထားသည့်အချိန် အတွင်း ထိုအချက်အလက်များကို ပေးရန်ပျက်ကွက်ပါက ကျွန်ုပ်တို့မှ သင်ကြိုတင်ငွေ (ချေးငွေ) ရယူရန်လျှောက်ထားခြင်းကို ငြင်းပယ်ခွင့်ရှိသည်။

ကြိုတင်ငွေ (ချေးငွေ) ရယူခြင်းနှင့်ပက်သက်သည့် သတင်းအချက်အလက်ဌာနသို့ ဝန်ဆောင်မှုအသုံးပြုသူများ၏ချေးငွေနှင့်ပက်သက်သည့် အချက်အလက်များပေးခွင့်သည် Mother Finance တွင် ရှိသည်။ ကျွန်ုပ်တို့မှကြိုတင်ငွေ (ချေးငွေ) ရယူခြင်းနှင့်ပက်သက်သည့်

သတင်းအချက်အလက်ဌာနသို့ App နှင့်ပက်သက်၍လည်းကောင်း၊ သင်မှအကောင့်ဖွင့်ခြင်း၊ ပိတ်ခြင်းနှင့်ပက်သက်၍လည်းကောင်း သတင်းအချက်အလက်များ လွှဲပြောင်းခြင်းကို သင်သည်ခွင့်ပြုပေးရမည်။ သဘောတူညီချက် (စာချုပ်)ပါ စည်းကမ်းချက်များကို လိုက်နာခြင်း

မရှိသည့်အချက်များအား ကြိုတင်ငွေ (ချေးငွေ) ရယူခြင်းနှင့်ပက်သက်သည့် သတင်းအချက်အလက်ဌာနသို့ လွှဲပြောင်းခြင်းကို သင်လက်ခံရမည်။ ကြိုတင်ငွေရယူသည့်မှတ်တမ်းများနှင့်အညီ သင့်အပေါ် ချေးငွေ (ကြိုတင်ငွေ)နှင့်ပက်သက်၍ မည်မျှယုံကြည်နိုင်သည်နှင့် ချေးငွေ (ကြိုတင်ငွေ)နှင့်ပက်သက်သည့် မှတ်တမ်းများကိုလည်း ကြိုတင်ငွေ (ချေးငွေ) ရယူခြင်းနှင့်ပက်သက်သည့် သတင်းအချက်အလက်ဌာနမှ ထောက်ပံ့နိုင်သည့်အခွင့်အရေးများရှိသည်ကိုသင်သိရမည်။

အပိုဒ် ၇။ ချေးငွေ (ကြိုတင်ငွေ) ရယူသူမှ ပြုလုပ်သည့်တောင်းဆိုချက်များ

သင်သည်တောင်းဆိုချက်နှင့်ပက်သက်၍ ဥပဒေအရတာဝန်ရှိသည်ဟု သတ်မှတ်ခြင်းနှင့် စနစ်မှတဆင့် သတ်မှတ်ဖော်ပြသော သို့မဟုတ် သင့်ထံမှလက်ခံရရှိသော တောင်းဆိုချက်အားလုံးနှင့်ပက်သက်၍ ကျွန်ုပ်တို့မှ လိုအပ်သလိုပြုမူဆောင်ရွက်ခြင်းကို သင်မှခွင့်ပြုရမည်။ မည်သို့ပင်ဆိုစေကာမူကျွနု်ပ်တို့၏ကိုယ်ပိုင်သုံးသပ်ချက်အရ မည်သည့်တောင်ဆိုမှုများကိုမဆို ငြင်းပယ်ခွင့်ရှိသည်။

ကျွန်ုပ်တို့၏ကိုယ်ပိုင်သုံးသပ်ချက်အရ ကျွန်ုပ်တို့မှသင့်အပေါ်ချေးငွေရယူခြင်းနှင့် ပက်သက်၍ ထုတ်ပြန်ခဲ့ပြီးလျှင်တောင်မှ သင်၏ချေးငွေဖော်ပြချက်နှင့်ပက်သက်၍ ကျွန်ုပ်တို့တွင်ငြင်းဆန်ပိုင်ခွင့်ရှိသည်။

ကျွန်ုပ်တို့၏ကိုယ်ပိုင်သုံးသပ်ချက်အရ ကြိုတင်ရယူငွေ (ချေးငွေ) လျှောက်ထားမှုသည် မပြည့်စုံလျှင် သို့မဟုတ် ဒွိဟဖြစ်နေလျှင်တောင်မှ လက်ခံခွင့်နှင့် ဆက်လက်လုပ်ဆောင်ခွင့်သည် ကျွန်ုပ်တို့ထံတွင်ရှိသည်။ လိုအပ်ပါက သင့်ထံမည်သည့်ရည်ညွှန်းချက်မျှမပေးဘဲ ကြိုတင်ရယူငွေ (ချေးငွေ) လျှောက်ထားမှုတွင် ပါဝင်သည့်သတင်းအချက်အလက်များ၏ ဒွိဟဖြစ်မှုနှင့် မပြည့်စုံမှုသည် မှန်နိုင်သည်ဟုယူဆခွင့်သည် ကျွန်ုပ်တို့ထံတွင်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ သင်ထံမှပေးပို့ထားသည့် ညွှန်ကြားချက်များနှင့် ပက်သက်၍ ကျွန်ုပ်တို့မှ ယုံကြည်ကာ သဘောရိုးဖြင့် သင်၏တောင်းခံလွှာအပေါ် ဆောင်ရွက်ခဲ့လျှင် သင့်ထံတွင်တာဝန်ရှိသည့်အပြင် လွှဲမှားစွာ သို့မဟုတ် အခြားနည်းဖြင့်မှားယွင်းစွာဖြင့် တောင်းဆိုမှုကို ကျွန်ုပ်တို့မှသင့်ထံပေးထားသော တာဝန်ဝတ္တရားအရ အပြည့်အဝသင့်တော်စွာ ဆောင်ရွက်ခဲ့သည်ဟုကျွန်ုပ်တို့ကိုမှတ်ယူရမည်။ 

ကျွန်ုပ်တို့၏ကိုယ်ပိုင်သုံးသပ်ချက်အရ သင့်ထံ ကျွန်ုပ်တို့မှ (စာဖြင့်ရေးသား၍ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ) နောက်ထပ်အတည်ပြုချက် သို့မဟုတ် နောက်ထပ်စုံစမ်းရန်အတွက်သင်၏တောင်းဆိုမှုတစ်ခုလုံး နှင့်အညီသို့မဟုတ်မည်သည့်အဆင့်တွင်မဆို ရပ်ဆိုင်းထားနိုင်သည် သို့မဟုတ် ဆက်လုပ်ရန်ငြင်းနိုင်သည်။

သင်၏တောင်ဆိုမှုတစ်ခုလုံး သို့မဟုတ်တစိတ်တဒေသအရ ပေါ်ပေါက်လာသည့် ကျွန်ုပ်တို့၏ ပြုလုပ်မှု သို့မဟုတ် ပြုလုပ်ရန်ပျက်ကွက်မှု သို့မဟုတ် ယင်းတို့မှထွက်ပေါ်လာသောအကျိုးဆက်များ၊ ကုန်ကျစရိတ်များ၊ နစ်နာကြေးများ၊ ဆုံးရှုံးမှုများ၊ တောင်းဆိုမှုများနှင့်ပက်သက်၍

သင့်မှကျွန်ုပ်တို့အားပေးလျှော်ရန်တာဝန်ရှိသည်/ကင်းလွတ်ခွင့်ပေးရန်တာဝန်ရှိသည်ကိုသင်မှသဘောတူရမည်။

သင်၏ပေါ့ဆမှုကြောင့် ဖြစ်ပေါ်လာခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မည်သည့်နည်းနှင့်မဆို သို့မဟုတ် သင်၏အကောင့် PIN နံပါတ်၊ လျှို့ဝှက်နံပါတ်၊ မှတ်ပုံတင်ထားခြင်းကို ခြယ်လှယ်ခြင်း သို့မဟုတ်အသုံးပြုခြင်းနှင့်/သို့မဟုတ်သင့်အကောင့်နှင့်ပက်သက်၍ မည်သည့်ဖြစ်ရပ် သို့မဟုတ် လုပ်ဆောင်မှု၊ ထုတ်ဖော်မှု၊ ငွေကြေးလွှဲပြောင်းမှု၊ လွှဲပြောင်းမှု၊  ခွင့်မပြုဘဲ ငွေသားထုတ်ယူမှုနှင့် ပက်သက်၍ ဥပဒေမှခွင့်ပြုထားသည့် အတိုင်းအတာအရ ကျွန်ုပ်တို့ထံတွင်တာဝန်မရှိကြောင်း သင်သိရမည်။

တည်ဆဲဥပဒေအရ မည်သည့်တရားဝင်အဖွဲ့အစည်း သို့မဟုတ် ဌာန သို့မဟုတ် တရားရုံးအမိန့်နှင့် ပက်သက်၍ သင်၏ကြိုတင်ငွေရယူထားခြင်းနှင့်ပက်သက်၍ တောင်းခံလာသည့်အပေါ် ကျွန်ုပ်တို့မှပေးရန်အခွင့်အာဏာရှိသည်။

သင့်ထံမှ ကျွန်ုပ်တို့ရရှိသည့် စည်းကမ်းချက်များနှင့်ပက်သက်သည့် မည်သည့်တောင်းဆိုမှုနှင့်

ဤအသုံးပြုသူ၏စည်းကမ်းချက်များအကြားပေါ်ပေါက်လာသည့် မည်သည့်အငြင်းပွားမှုတွင်မဆို ဤသဘော တူညီချက်စာချုပ်ကသာ လွှမ်းမိုးစေရမည်။

(အတည်ဖြစ်သည်။)

အပိုဒ် ၈။ ကုန်ကျစရိတ် 

ကြိုတင်ရယူငွေနှင့်ပက်သက်၍ သင်မှကျွန်ုပ်တို့ထံပေးချေသည့် ဝန်ဆောင်မှုစရိတ်ကို App တွင် ဖော်ပြရမည်။ ဝန်ဆောင်မှုစရိတ်နှင့်ပက်သက်၍ အခါအားလျှော်စွာ ပြောင်းလဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်း နှင့် သင်၏ဝန်ဆောင်မှုအသုံးပြုခြင်းနှင့်ပက်သက်၍ စရိတ်များကို သတ်မှတ်ခွင့်နှင့် ကောက်ခံခွင့်သည် ကျွန်ုပ်တို့ ထံတွင်ရှိနေသည်။ ကျွန်ုပ်တို့မှ ဝန်ဆောင်ခကို ပြောင်းလဲရန် သို့မဟုတ် ပြင်ဆင်ရန်ဆုံးဖြတ်ပါက မည်သည့် ဝန်ဆောင်မှုအသစ်လျှောက်ထားခြင်းနှင့်ပက်သက်၍ ဝန်ဆောင်ခပေးချေခြင်းကို App တွင် ဖော်ပြထားမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ Website စာမျက်နှာများ သို့မဟုတ် စာတိုများမှတဆင့် ဝန်ဆောင်မှုစရိတ်ပြောင်းလဲခြင်း နှင့်ပက်သက်၍ သင့်တော်သည့်အချိန်အတွင်း ထိုဝန်ဆောင်မှုစရိတ်ပြောင်းလဲခြင်းမစတင်မီသင့်ထံသတိပေး အကြောင်းကြားခြင်းကိုကျွန်ုပ်တို့မှပြုလုပ်မည်ဖြစ်သည်။

ငွေပေးချေမှုအားလုံးကို နုတ်ယူခြင်း၊ ထိန်ချန်ခြင်း၊ ဥပဒေနှင့်မညီဘဲ စုဆောင်းထားခြင်း၊ ပြန်လည် တောင်းဆိုခြင်း၊ ဖယ်ထုတ်ခြင်းမရှိဘဲ ဤသဘောတူညီချက်နှင့်အညီအပြည့်အဝပေးဆောင်ရမည်။ သင်သည်မည်သည့်အချိန်တွင်မဆို ကျွန်ုပ်တို့အားပေးချေခြင်းအား နုတ်ယူလျှင်သို့မဟုတ်

ချန်ထား ခဲ့ခြင်းများ ပြုလုပ်လျှင် သင်သည်ကျွန်ုပ်တို့အားပေးရန်ရှိသည့် ပမာဏအားပြည့်မှီသည်အထိအဆိုပါ နုတ်ယူမှုသို့မဟုတ်ချန်ထားမှုအတွက် ချက်ချင်းပြန်လည်ပေးချေရမည်။

သင်သည်ကျွန်ုပ်တို့ထံ ပေးချရမည့်နေ့တွင် ပေးချေရန်ပျက်ကွက်လျှင် သင်ရယူထားသည့် ကြိုတင် ရယူငွေအပေါ် သတ်မှတ်ထားသည့်နောက်ကျစရိတ်အား ပေးဆောင်ရမည်။

ကျွန်ုပ်တို့မှ သင့်တော်သည်ဟုထင်မြင်သည့် အတိုင်းအတာဖြင့် တိုင်းတာထားသော မြန်မာငွေကြေး လဲလှယ်မှုနှုန်းထားများ တက်ခြင်း သို့မဟုတ် ကျခြင်းများရှိလျှင် ဝန်ဆောင်မှုစရိတ်နှင့်ပက်သက်၍ အခြား ညှိုနှိုင်းထားသည့်စရိတ်များ ပြုလုပ်ပိုင်ခွင့်သည် ကျွန်ုပ်တို့ထံတွင်ရှိသည်။ မြန်မာ့ငွေကြေးလဲလှယ်မှုနှုန်းထား၏ ၂၀%ပြောင်းလဲခြင်းသည်ပြောင်းလဲမှုဟုမှတ်ယူနိုင်သည်။

အပိုဒ် ၉။ ဖော်ပြချက်များ

သင်၏ကြိုတင်ငွေ (ချေးငွေ) ရယူထားမှုနှင့်ပက်သက်၍ လုပ်ဆောင်မှုတင်ပြချက်နှင့် ဖော်ပြချက် များကိုတောင်းဆိုပါက သင်မှဆောင်ရွက်ပေးရမည်။ တောင်းဆိုမှုကို App ၏ ဆက်သွယ်ရန်လိပ်စာမှ လည်းကောင်း၊ bd@motherfinance.com.mm ဆိုသည့် e-mailလိပ်စာမှ တစ်ဆင့်လည်းကောင်း ဆက်သွယ်မှုကိုပြုလုပ်မည်ဖြစ်သည်။

အပိုဒ် ၁၀။ အခွန်အခများ

ဤသဘောတူညီချက်စာချုပ်အရ ပြုလုပ်ထားသည့်မည်သည့်ပေးချေမှုများသည်မဆို သင်မှပေးဆောင် ထားသည့် မည်သည့်အခွန်ကိုမဆို ထည့်သွင်းတွက်ချက်ခြင်းမရှိဘဲ ပြုလုပ်ထားခြင်းဖြစ်သည်။ ပေးချေမှုနှင့် ပက်သက်၍ အခွန်ဆောင်ရမည်ဆိုပါက သင့်တင့်သည့်အခွန်နှုန်းထားအပေါ် တွက်ချက်ထားသည့် နောက်ထပ်ပေးချေမှုကို သင်မှကျွန်ုပ်တို့အား ပေးချေရမည်ဖြစ်ပြီး သင်၏မူလပေးချေမှုနှင့်အတူ တပြိုင်နက်တည်းပေးချေရမည်ဖြစ်သည်။

အခွန်အရာရှိ/အခွင့်ရအရာရှိမှ ကျွန်ုပ်တို့အားလိုအပ်သည်ဟု ညွှန်ကြားလာလျှင် သို့မဟုတ် ကျွန်ုပ်တို့မှ ဥပဒေ သို့မဟုတ် သဘောတူညီချက်အရ အခွန်အရာရှိ/အခွင့်ရအရာရှိမှ ထိုသို့ပြုလုပ်ရန်ပြော၍ လိုအပ်လာလျှင် သို့မဟုတ် ပြည်တွင်းပေါ်လစီ(မူဝါဒ)များအရ ကျွန်ုပ်တို့မှ လုပ်ဆောင်ရန်လိုအပ်လာလျှင် သို့မဟုတ် အခွန်အရာရှိ/အခွင့်ရအရာရှိမှ ခွင့်ပြုမိန့် သို့မဟုတ် အမိန့်အရ ကျင့်သုံးရန်လိုအပ်လာလျှင်

ကျွန်ုပ်တို့မှသင့်စာရင်းအကောင့်အတွင်းရှိငွေကိုပမာဏတစ်ခုထိအခွန်ထမ်းဆောင်ရန်အတွက်ချန်ထားသည်ကိုသင်မှသဘောတူနားလည်ရမည်။

အပိုဒ် ၁၁။ ချေးယူသူ (ကြိုတင်ငွေရယူသူ) ၏ တာဝန်များ

သင်၏စရိတ်ဖြင့် စနစ်နှင့်ဝန်ဆောင်မှုအတွင်းသို့ ဝင်ရောက်ကြည့်ရှုရန်ရည်ရွယ်၍ သင့်စက်(ဖုန်း) အတွက် လုံလောက်သည့်ဆောင်ရွက်မှု၊ လုံခြုံစွာထိန်းသိမ်းမှုနှင့်ထောက်ပံ့မှုများကို ပြုလုပ်ရန်လိုအပ်သည်။

သင့်စက် (ဖုန်း)မှ ဆောင်ရွက်မှုတစ်စုံတစ်ရာကို ပြုလုပ်သည့်အခါ သေချာမှုရှိစေရန်မှာ သင်၏ တာဝန်ပင်ဖြစ်သည်။ သင့်စက် (ဖုန်း)၏ စနစ်မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့်ပျက်ကွက်မှုသို့မဟုတ်အမှားဖြစ်ပေါ်မှုနှင့်ပက်သက်၍ ကျွန်ုပ်တို့တွင်တာဝန်မရှိသကဲ့သို့ စက်(ဖုန်း) သို့မဟုတ် ဝန်ဆောင်မှု၊ စနစ်ကို အသုံးပြု၍ ပူးတွဲပါဝင်လာသည့်ပြဿနာများ၊ ကွန်ပျုတာဗိုင်းရပ်များနှင့်ပက်သက်၍လည်း ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။

ကျွန်ုပ်တို့နှင့်ဆက်သွယ်ရန်သင့်အားဝန်ဆောင်မှုပေးထားသည့် ကွန်ယက်ဝန်ဆောင်မှုပေးသူနှင့် ပက်သက်သည့်စရိတ်ကို ပေးရန်မှာ သင့်တာဝန်ဖြစ်ပြီး ထိုဝန်ဆောင်မှုပေးသူကြောင့် ဖြစ်ပေါ် လာသည့်နှောင်းနှေးမှုသို့မဟုတ်ဆုံးရှုံးမှုအတွက်ကျွန်ုပ်တို့တွင်တာဝန်မရှိပါ။

ဤသဘောတူညီချက်စာချုပ်နှင့် ကျွန်ုပ်တို့မှ ဤစနစ်နှင့်ဝန်ဆောင်မှုကို အသုံးပြုခြင်း အတွက်ပေးအပ်ထားသည့် မည်သည့်စာရွက်စာတမ်းတွင်မဆို ပါဝင်သည့်စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့် ပက်သက်၍ လိုက်နာရန်မှာ သင့်တာဝန်ဖြစ်သည်။

သင့်စက်(ဖုန်း)ကို လုံခြုံသင့်တင့်စွာ ထိန်းသိမ်းအသုံးပြုရန်နှင့် သင်၏လျှို့ဝှက်ချက်နှင့် လုံခြုံမှုကို ထိန်းသိမ်းရမည်မှာ သင့်တစ်ဦးတည်း၏တာဝန်ဖြစ်သည်ကို သင်နားလည်သဘောတူရမည်။ ထိုလျှို့ဝှက်ချက် များကို အခြားသူတစ်ဦးမှ ပိုင်ဆိုင်ခြင်း သို့မဟုတ် သိရှိခြင်းမရှိစေရန်သင်မှသေချာစွာ ဆောင်ရွက်ထားရမည်။ တတိယလူ(အခြားလူ)မှ ထိုလျှို့ဝှက်ချက်များကို ဖော်ထုတ်ပါက ကျွန်ုပ်တို့တွင်တာဝန်မရှိဘဲ သင်၏ လျှို့ဝှက်ချက်ပေါက်ကြားခြင်းကြောင့် ကျွန်ုပ်တို့တွင် ဆုံးရှုံးမှုများရှိပါက ကျွန်ုပ်မှသတ်မှတ်ထားသော နစ်နာကြေးကို ပေးရန် သင်သဘောတူရမည်။

ဝန်ဆောင်မှုနှင့်ပက်သက်၍ ခွင့်ပြုချက်မရဘဲ သုံးစွဲနေကြောင်း ယုံလောက်ဖွယ်အကြောင်းပေါ်ပေါက် ပါက သင်သည် ကျွန်ုပ်တို့အားအသိပေးရမည်။ စနစ်အားခွင့်ပြုချက်မရှိဘဲ သုံးစွဲနေကြောင်း တွေ့ရှိပါက ယင်းကိစ္စကိုအဆုံးသတ်နိုင်ရန်အတွက် ကျွန်ုပ်တို့နှင့်ဆက်သွယ်မှုအားလုံးကို သင်မှသေချာစွာစစ်ဆေး ရမည်။ အောက်ဖော်ပြပါ အခြေအနေများဖြစ်ပေါ်လာပါက ကျွန်ုပ်တို့ထံ သင်မှချက်ချင်း အကြောင်းကြားရမည်။

  • အလားတူပါဝင်ခြင်းမရှိဘဲနှင့်/ သို့မဟုတ် ခွင့်ပြုထားခြင်းမရှိဘဲနှင့် အခြားသူများမှသိနေကြောင်း သို့မဟုတ်လျှို့ဝှက်ချက်ကိုသိနိုင်ကြောင်း သင့်ထံတွင်ယုံကြည်လောက်ဖွယ်အကြောင်းရှိလျှင် 

  • လုပ်ငန်းဆောင်ရွက်မှုကို လွှဲမှားစွာထည့်သွင်းနိုင်သည်သို့မဟုတ်ပူးပေါင်းနိုင်သည်နှင့် ဝန်ဆောင်မှုကို တရားမဝင်အသုံးပြုလျှင် သို့မဟုတ် အသုံးပြုသည်ဟုသင့်ထံတွင်ယုံကြည်လောက်ဖွယ်အကြောင်းရှိလျှင်

ကျွန်ုပ်တို့မှ သင့်ထံအခါအားလျှော်စွာ အကြောင်းကြားသည့် လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ သို့မဟုတ် အခါအားလျှော်စွာ ဝန်ဆောင်မှုနှင့်ပက်သက်၍ အသုံးပြုနိုင်သည့် အခြားလုပ်ထုံး လုပ်နည်းများကို အချိန်နှင့်တပြေးညီ လိုက်နာရမည်။ လုံခြုံရေးအတွက် ကျွန်ုပ်တို့မှ ချမှတ်ထားသည့်လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်ပျက်ကွက်ပါက သင့်စာရင်းအကောင့်၏ လုံခြုံရေးကို ချိုးဖောက်ရာ ရောက်သည်ကို သင်သိရမည်။ အထူးသဖြင့် ဝန်ဆောင်မှုကို သို့မဟုတ် တောင်းဆိုမှုကို သို့မဟုတ် အခြားလုပ်ငန်းဆောင်တာများကို ခွင့်ပြုထားသည့်သူမှတစ်ပါး အခြားသူမှ မလုပ်ဆောင်နိုင်ရန်အတွက်သင်မှသေချာစွာဆောင်ရွက်ထားရမည်။

သင်သည်မည်သည့်အချိန်တွင်မဆို ကျွန်ုပ်တို့ကို ထိခိုက်စေနိုင်သောပုံစံမျိုးဖြင့် ဝန်ဆောင်မှုအား လုပ်ဆောင်ခြင်း သို့မဟုတ် အသုံးပြုခြင်း မပြုလုပ်ရ။

အပိုဒ် ၁၂။ ကြိုတင်ရယူငွေ (ချေးငွေ) နှင့်ပက်သက်၍ ပျက်ကွက်ခြင်း

မည်သည့်အချိန်တွင်မဆို ဆက်လက်ဆောင်ရွက်ရန်ပျက်ကွက်ခြင်းဖြစ်ပေါ်ခဲ့လျှင် မည်သည့်ဥပဒေ အရမဆို ခွင့်ပြုထားသည့် အခွင့်အရေး သို့မဟုတ် ကုစားခွင့်အရ ဘက်လိုက်မှုမရှိဘဲ ကျွန်ုပ်တို့မှ

  • နောက်တွင်ဖော်ပြထားသော အပိုဒ်၁၃နှင့်အညီဤသဘောတူညီချက်ကို ရပ်ဆိုင်းနိုင်သည်။

  • ဤဝန်ဆောင်မှုကိုအသုံးပြုသူ၏ စည်းကမ်းချက်များနှင့်အညီ ပေးဆောင်ရန်ရှိသော စုစုပေါင်း ဝန်ဆောင်မှုစရိတ်နှင့် အခြားစရိတ်များလည်းပါဝင်သည့် ကြိုတင်ရယူငွေကိုကြေညာပြီး ယင်းအပေါ် ကြေညာခံရသူမှချက်ချင်းပေးချေရန်တာဝန်ရှိသည်။

  • ပြန်လည်ပေးချေမှုရရှိရန်တွက် ပြင်ပအဖွဲ့အစည်းများနှင့်အတူ ကျွန်ုပ်တို့မှ ပူးပေါင်းဆောင်ရွက်နိုင်သည်။

  • ပျက်ကွက်သည့်အတွက်ဖြစ်ပေါ်လာသည့်ကုန်ကျစရိတ်များအပေါ် ကျွန်ုပ်တို့မှ ကျခံထားသည့်အတွက်လုံလောက်သည့်ဆုံးရှုံးမှု သို့မဟုတ် ကုန်ကျစရိတ်များအပေါ် ကျွန်ုပ်တို့မှနစ်နာကြေးတောင်းခံနိုင်သည်။

အပိုဒ် ၁၃။ ပြောင်းလဲခြင်းနှင့် ရပ်ဆိုင်းခြင်း

ကျွန်ုပ်တို့သည် မည်သည့်အချိန်တွင်မဆို သင့်အပေါ်သတိပေးထားချက်အရ ကျွန်ုပ်တို့မှသင်နှင့် ဆက်နွယ်သည့် စီးပွားရေးဆိုင်ရာဆက်နွယ်မှုကို ရှေ့တွင်ဖော်ပြထားသကဲ့သို့ ဘက်လိုက်ခြင်းမရှိဘဲ ရပ်ဆိုင်းနိုင်ခြင်း သို့မဟုတ် ပြောင်းလဲနိုင်သည့်အပြင် သင့်၏စာရင်းအကောင့်ကိုပါ ပိတ်နိုင်သည်။ ကျွန်ုပ်တို့မှ ခွင့်ပြုပြီးသည့်ချေးငွေလျှောက်ထားမှုကိုလည်း ရပ်ဆိုင်းနိုင်ပြီး ကျွန်ုပ်တို့မှ ထိုသို့ဆုံးဖြတ်လိုက်ပြီးသည့်နောက်တွင်သင်ရယူထားပြီးဖြစ်သည့် ကြိုတင်ငွေများကိုလည်း ပြန်လည်တောင်းခံခွင့်ရှိသည်။

ဤအပိုဒ်အရ ကျွန်ုပ်တို့၏အခွင်းအရေးများကို ဘက်လိုက်ခြင်းမရှိဘဲ ကျွန်ုပ်တို့၏သုံးသပ်ချက်အရ သင်၏အကောင့်ကိုပိတ်နိုင်သည် သို့မဟုတ်ရပ်ဆိုင်းထားနိုင်သည်။

  • သင်မှဝန်ဆောင်မှုကို အသုံးပြုခြင်းနှင့်ပက်သက်၍ လိမ်လည်ရန်ကြိုးစားလျှင် သို့မဟုတ်လိမ်လည်လျှင်၊ သဘောတူညီမှုကိုဖောက်ဖျက်လျှင်၊ အလွှဲသုံးစားပြုလျှင်၊ နှောင့်ယှက်သည်ဟုယုံကြည်လောက်ဖွယ် အကြောင်းကို ကျွန်ုပ်တို့မှသံသယရှိလျှင် သို့မဟုတ် သတိထားမိလျှင် သို့မဟုတ်မမှန်ကန်သည့်ရည်ရွယ်ချက်ဖြင့်သင့်အကောင့်ကိုအသုံးပြုလျှင်

  • ကျွန်ုပ်တို့အား အခွင့်ရအရာရှိတစ်ဦးဦးထံမှ သို့မဟုတ် စည်းမျဉ်းအရ၊ တရားရုံး၊ အစိုးရမှပေးအပ်သော အမိန့်အရ၊ ညွှန်ကြားချက်အရ လိုက်နာရန်တောင်းဆိုလျှင်

  • သင့်ထံမှအီလက်ထရောနစ်နည်းပညာဖြင့်လည်းကောင်း သို့မဟုတ် စာတို၊ e-mail မှတစ်ဆင့် နစ်နာကြေးနှင့်ပက်သက်၍ဝန်ဆောင်မှုသတိပေးချက်ပေးပို့ပြီး (၅)ရက်အတွင်း နစ်နာကြေးပေးရန် ပျက်ကွက်လျှင် (ချေးယူထားသည့်အပေါ် ပြန်လည်ပေးချေရန်ပျက်ကွက်ခြင်းအပါအဝင်) သင်မှ ဤ သဘောတူညီချက်ကို ချိုးဖောက်သည်ဟု ကျွန်ုပ်တို့မှယုံကြည်လျှင် သို့မဟုတ် သံသယရှိလျှင်

  • လုံခြုံရေးဆိုင်ရာအကြောင်းပြချက် သို့မဟုတ် နည်းပညာဆိုင်ရာပြဿနာ၏ အကျိုးဆက်အရ အခါအားလျှော်စွာ ဝန်ဆောင်မှုတွင် ပါဝင်သည်များ သို့မဟုတ်စနစ်များကို လွယ်ကူစေရန်၊ မြှင့်တင်ရန်သို့မဟုတ်အဆင့်မြှင့်ရန်အတွက်ရပ်ဆိုင်းခြင်း သို့မဟုတ်ပြောင်းလဲခြင်း ကိုပြုလုပ်လျှင်

  • သင့်အကောင့်ရပ်ဆိုင်းလျှင် သို့မဟုတ် အသက်မဝင်လျှင်

  • Mother Finance မှ အပြီးသတ်ဆုံးဖြတ်ချက်အရသော်လည်းကောင်း သို့မဟုတ် စီးပွားရေးဆိုင်ရာ အကြောင်းပြချက်မရသော်လည်းကောင်း ဝန်ဆောင်မှုကိုဆက်လက်ဆောင်ရွက်ခြင်းမှ ရပ်ဆိုင်းထားလျှင်

  • လိုင်စင်ပါကန့်သတ်ချက်ကိုသင်မှချိုးဖောက်လျှင် သင့်စာရင်းအကောင့်မှ သင်ရယူထားသည့်ကြိုတင်ရယူငွေ(ချေးငွေ)ထက်ပိုမိုသည့်ပေးချေမှုကို ပြုလုပ်ထားပြီး ယင်းအပေါ်သင်မှ Mother Finance ကို ယင်းပေးချေမှုအတွက် ပြန်အမ်းရန်တောင်းဆိုခဲ့ပြီး အဆိုပါပြန်ပေးရန်တောင်းဆိုသည့်ပမာဏမှာ မိုဘိုင်းဖုန်းအတွင်းရှိ ငွေကြေးပေးအပ်သူမှ ပြန်လွှဲပေးနိုင်သည့်ပမာဏအတွင်းကျရောက်လျှင်Mother Finance ထိုပေးချေမှုကိုဆောင်ရွက်ခဲ့လျှင်

မည်သို့ပင်ဆိုစေကာမူ ရပ်ဆိုင်းခြင်းကို ဆောင်ရွက်သည့်အခါ နှစ်ဖက်ပါဝင်သူများ၊ အမှုသည်များ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ထိခိုက်ခြင်းမရှိစေရ။

ကျွန်ုပ်တို့မှ သင်၏သေဆုံးကြောင်း အကြောင်းကြားစာကို လက်ခံရရှိလျှင် စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးမှ သင့်တော်စွာခန့်အပ်ထားသည့် သင်၏တရားဝင်ကိုယ်စားလှယ်ကို အတည်ပြုခြင်း သို့မဟုတ် စီမံခန့်ခွဲခွင့်ပြုကြောင်း စာအရအတည်ပြုခြင်း သို့မဟုတ် အခွင့်ရအရာရှိမှ ထုတ်ပယ်ထားသည့်စီမံခန့်ခွဲ နိုင်သည့်လူပုဂ္ဂိုလ်မှထုတ်ယူခြင်း သို့မဟုတ် လုပ်ဆောင်ခြင်းမှတစ်ပါး ကျွန်ုပ်တို့မှအခြားနည်းဖြင့်ခွင့်ပြုမည်မဟုတ်ပါ။

အပိုဒ် ၁၄။ တာဝန်ရှိမှုများရပ်ဆိုင်းခြင်း

မည်သည့်ပုဂ္ဂလိက သို့မဟုတ်အများသုံးဆက်သွယ်ရေးစနစ်၏ ပျက်စီးမှုနှင့် လေထုအခြေအနေ သို့မဟုတ်ရာသီဥတုပြောင်းလဲခြင်း၊ ပါဝါ(ဓါတ်အား)ဆုံးရှုံးခြင်း၊ သင့်စက် (ဖုန်း)၏ လုပ်ဆောင်ချက်ကို ရန်သူ သို့မဟုတ် ကျုးကျော်ဝင်ရောက်ခြင်းကြောင့် ပျက်စီးခြင်း၊ မရခြင်း သို့မဟုတ် နှောင့်နှေးခြင်း၊ ဝင်ရောက် နှောင့်ယှက်ခြင်း၊ အမှား သို့မဟုတ် မလွှဲရှောင်နိုင်သော အခြေအနေဖြစ်ပေါ်ခြင်း၊ Mother Finance မှ ထိန်းချုပ်နိုင်ခြင်းမရှိသည့် မည်သည့်အခြေအနေတွင်မဆို သို့မဟုတ် သင့်စက်(ဖုန်း)၏ ပျက်ကွက်မှုကြောင့် ဝန်ဆောင်မှုတွင် သို့မဟုတ် ဝန်ဆောင်မှုအတွင်း ဝင်ရောက်နှောင့်ယှက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မည်သည့်ဆုံးရှုံးမှုတွင်မဆိုကျွန်ုပ်တို့တွင် တာဝန်မရှိပါ။

ဤ App သည် သင်တစ်ဦးတည်း၏လိုအပ်ချက်ကို ပြည့်စေရန်အတွက် ပြုလုပ်ထားခြင်းမဟုတ်သည်ကို သင်သိရမည်ဖြစ်ပြီး ထို့အတွက် ဤApp ၏ ဝန်ဆောင်မှုနှင့်လုပ်ငန်းဆောင်တာများကို သေချာစွာ လိုက်နာဆောင်ရွက်ခြင်းဖြင့်သင့်လိုအပ်ချက်ကို ပြည့်စေရန်လုပ်ရမည်။

ကျွန်ုပ်တို့မှ ဤ App ကို ပြည်တွင်းနှင့် ပုဂ္ဂလိကတစ်ဦးချင်း အသုံးပြုရန်အတွက် ပြုလုပ်ထားခြင်း ဖြစ်သည်။ သင်မှပြန်လည်ရောင်းချရန် သို့မဟုတ် စီးပွားရေးလုပ်ဆောင်ရန်အတွက် ဤ Appနှင့် စာရွက်စာတမ်း၊ အထောက်အထားများကို အသုံးမပြုရန်အတွက် သဘောတူရမည်ဖြစ်ပြီး မည်သည့်စီးပွားရေး ဆိုင်ရာ အခွင့်အရေးများဆုံးရှုံးခြင်း သို့မဟုတ် စီးပွားရေးဆိုင်ရာ ဟန့်တားနှောင့်ယှက်မှုများ၊ စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှုများ၊ အကျိုးအမြတ်ဆုံးရှုံးမှုများအတွက်ကျွန်ုပ်တို့မှသင့်အပေါ်တွင်တာဝန်တစ်စုံတစ်ရာမရှိပါ။

အောက်ဖော်ပြပါအချက်များနှင့်ပက်သက်၍ သင်ခံစားရသည့်ဆုံးရှုံးမှုသို့မဟုတ်နစ်နာမှုတစ်စုံတစ်ရာ အတွက်ကျွန်ုပ်တို့တွင်တာဝန်မရှိပါ။

  • သင်မှ App ကို အထူးပြုလုပ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းအကျိုးဆက်ကြောင့် App သို့မဟုတ် ဝန်ဆောင်မှုအတွင်းဖြစ်ပေါ်လာသည့် မှားယွင်းမှုများ သို့မဟုတ်လိုအပ်ချက်များ

  • App ကို အသုံးပြုရာတွင်ဤစည်းကမ်းချက်ပါ စည်းကမ်းချက်များကို ချိုးဖောက်ခြင်း၏အကျိုးဆက်ကြောင့် App အတွင်း ဖြစ်ပေါ်လာသည့် မှားယွင်းမှုများ သို့မဟုတ် လိုအပ်ချက်များ

  • လိုင်စင်ပါစည်းကမ်းချက်များကိုသင်မှချိုးဖောက်ခြင်း

  • သင့်မိုဘိုင်းဖုန်းအတွင်းရှိငွေကြေးစာရင်းအကောင့်တွင်လုံလောက်သည့်ငွေထောက်ပံ့မှုမရသည့်အခါ

  • မိုဘိုင်းဖုန်းအတွင်းရှိ ငွေကြေးစနစ် သို့မဟုတ် ကွန်ယက်၊ သင့်စက်(ဖုန်း)တွင် စနစ်မရရှိခြင်း သို့မဟုတ် ဝင်ရောက်နှောင့်ယှက်ခံရခြင်း၊ လုပ်ငန်းလုပ်ဆောင်ရန်ပျက်ကွက်ခြင်း၊ ပျက်ကွက်ခြင်း

  • သင်ငွေကြေးလွှဲပြောင်းသည့်အခါ သို့မဟုတ် အခြားသောအနှောင့်အယှက်ဖြစ်၍ သတ်မှတ်ကန့်သတ် ထားသည့်ပေးချေမှုကို ပြုလုပ်သည့်အခါ သို့မဟုတ် သင့်စာရင်းအတွင်းရှိငွေကြေး ကိစ္စ ဆောင်ရွက်ရာတွင် ဥပဒေနှင့်ဆိုင်သည့်လုပ်ငန်းဆောင်တာများကို လိုက်နာရခြင်း

  • သင့်စာရင်းနှင့်ပက်သက်၍ လွှဲပြောင်းခြင်း သို့မဟုတ် ပေးချေခြင်းအတွက် လုံလောက်သည့် သို့မဟုတ် သင့်တော်သည့်ညွှန်ကြားချက်ကို ပေးထားသော်လည်း သင်မှလိုက်နာရန်ပျက်ကွက်ခြင်း

  • သင့်စက်(ဖုန်း)နှင့်/ သို့မဟုတ်စနစ်၊ ဝန်ဆောင်မှုကိုတရားမဝင်အသုံးပြုခြင်း သို့မဟုတ်မှားယွင်းစွာ အသုံးပြုခြင်း

  • စနစ်နှင့်ဝန်ဆောင်မှုကို အသုံးပြုခြင်းနှင့်ပက်သက်၍ ကျွန်ုပ်တို့မှပေးထားသည့်အချက်အလက်များ သို့မဟုတ် မည်သည့်စာရွက်စာတမ်းကိုမဆိုနှင့် ဤသဘောတူညီချက်စာချုပ်ကိုသင်မှလိုက်နာရန်ပျက်ကွက်ခြင်း

ဝန်ဆောင်မှုနှင့်ပက်သက်၍ ဖြစ်ပေါ်သည့် ဝန်ဆောင်မှုမရရှိခြင်း သို့မဟုတ် ဝန်ဆောင်မှုကို ဝင်ရောက် နှောင့်ယှက်ခြင်းအတွက် ကျွန်ုပ်တို့မှသင့်အပေါ်တွင် တာဝန်မရှိပါ။ မည်သည့်အခြေအနေတွင်မဆို ကျွန်ုပ်တို့အားဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုနှင့်ပက်သက်၍ ကြိုတင်အသိပေးထားခြင်းရှိစေကာမူ ဝန်ဆောင်မှု နှင့် ပက်သက်၍ ဝန်ဆောင်မှုမှဖြစ်ပေါ်လာသည့် မည်သည့်ဆုံးရှုံးမှု၊ နစ်နာမှု၏အကျိုးဆက်များ သို့မဟုတ် သွယ်ဝိုက်သည့်နည်းဖြင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှု၏အကျိုးဆက်များ၊ ကြိုတင်စုဆောင်း ထာရှိခြင်းများ သို့မဟုတ် အကျိုးအမြတ်များမှ ဖြစ်ပေါ်လာသည့်ဆုံးရှုံးမှုများ စသည်တို့သည် မည်သို့ပင်ဖြစ်ပေါ်လာစေကာမူ ကျွန်ုပ်တို့ထံတွင်တာဝန်မရှိပါ။

ဥပဒေအရပြုလုပ်ထားသည့် အားလုံးသောသတိပေးချက်များနှင့် တာဝန်ဝတ္တရားများကို ဥပဒေနှင့်အညီ ပေးအပ်နိုင်သည့် အမြင့်ဆုံးသောအခြေအနေထိပေးအပ်းထားခြင်းဖြစ်သည်။

အပိုဒ် ၁၅။ ဆုံးရှုံးနစ်နာမှုမှ ကင်းလွတ်ခွင့်ရခြင်း

သင်၏စာရင်းအကောင့်နှင့်ပက်သက်၍ သင်၏တောင်းဆိုမှု သို့မဟုတ် ညွှန်ကြားချက်ကို လိုက်နာပြီး ဆောင်ရွက်သည့်အပေါ် သင်သည် ကျွန်ုပ်တို့အား ဆုံရှုံးမှုမှကင်းလွတ်ခွင့်ရစေရမည့်အပြင် ဤအသုံး ပြုသူ၏စည်းကမ်းချက်များနှင့်အညီ သို့မဟုတ် သင်၏တောင်းဆိုမှုများ သို့မဟုတ် သင်၏ညွှန်ကြားချက်များအပေါ် ကျွန်ုပ်တို့မှလုပ်ဆောင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဆုံးရှုံးမှုများ သို့မဟုတ် နစ်နာမှုအားလုံးအတွက် တာဝန်ရှိမှုအားလုံးကို သင်မှ ကျွန်ုပ်တို့အားကင်းလွတ်ခွင့်ပြုရမည်ဖြစ်ပြီး မည်သည့် ဆုံးရှုံးမှု၊ စရိတ်၊ နစ်နာမှု၊ အသုံးစရိတ်၊ ကုန်ကျစရိတ် သို့မဟုတ် တောင်းဆိုမှုများမှပေါ်ပေါက်လာသည့်ဆုံရှုံးနစ်နာမှုများကိုလည်း လွတ်ငြိမ်းခွင့်ပြုရန်သင်မှ ဆောင်ရွက်ရမည်/ ပြုလုပ်ရမည်။

ဆုံးရှုံးမှုမှကင်းလွတ်ရမည့်အချက်များတွင်အောက်ဖော်ပြပါတို့ပါဝင်သည်။

၁။ ကျွန်ုပ်တို့မှလက်ခံရရှိသည့် အချက်အလက် သို့မဟုတ် သတင်းအချက်အလက်များ မမှန်ကန်ခြင်း သို့မဟုတ် မပြည့်စုံခြင်း၊ ဥပဒေနှင့်မညီခြင်း၊ မမှန်ခြင်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးကိုမှီတည်၍ ပေါ်ပေါက်လာသည့် သို့မဟုတ် ဆက်သွယ်သည့်ကွင်းဆက်များကို လိမ်လည်၍တင်ပြခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း သို့မဟုတ် အခြားမည်သည့်ကျွန်ုပ်တို့မှ ထိန်းချုပ်နိုင်သည့် အခြေအနေကို ကျော်လွန်ခြင်း၊ နယ်ပယ်ချဲ့ထွင်ခြင်း၊ အဖျက်အမှောင့်ဖြစ်ပေါ်ခြင်း၊ လက်သရမ်းသည့်အပြုအမူများ၊ အဓကရုဏ်းများ၊ သဘာဝလွန်ဖြစ်ရပ်များ၊ သင့်ဖုန်းတွင်းရှိစုဆောင်းမှုကိုပြင်ဆင်ခြင်း၊ ပါဝါကျခြင်း၊ အချက်အလက်များကို ဖျက်ဆီးခြင်း သို့မဟုတ် ဆုံးရှုံးခြင်း၊ မည်သည့်စက်(ဖုန်း) သို့မဟုတ် ဆော့ဝဲ၊ ဟက်ဝဲများမရရှိခြင်း သို့မဟုတ် ပျက်ခြင်း၊ စနစ်မှားယွင်းမှု ဖြစ်ပေါ်ခြင်း သို့မဟုတ် တောင်းဆိုမှုကို မလုပ်ဆောင်ခြင်း သို့မဟုတ် လုပ်ဆောင်မှုအပေါ် ကျွန်ုပ်မှ အကျိုးဆက်ခံစားရခြင်းသို့မဟုတ်ခံစားစေခြင်း

၂။ မည်သည်စနစ်သို့မဟုတ်မည်သည့်ဆော့ဝဲကမ်းလှမ်းချက်များ သို့မဟုတ်ကွန်ယက်ဆော့ဝဲများ၊ စနစ်များ လည်ပတ်ခြင်း၊ ကန့်သတ်ချက်မရှိသည့် အပြင်လူ (တတိယလူ)မှ ဆော့ဝဲများကိုပိုင်ဆိုင်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း၊ မှားယွင်းစွာ အသုံးပြုခြင်း၊ သင်၏အသုံးပြုမှုမှ ထွက်ပေါ်လာသည့် မည်သည့်နစ်နာဆုံရှုံးမှုများတွင်မဆို

၃။ သင့်စာရင်းအကောင့်မှ တရားမဝင်သည့်နည်းဖြင့်ဝင်ရောက်ကြည့်ရှု အသုံးပြုခြင်း သို့မဟုတ် မည်သည့်၏လုံခြုံရေးစနစ်ကိုမဆို ဖောက်ဖျက်ဝင်ရောက်ခြင်း သို့မဟုတ်သင့်အချက်အလက်များကို ဝင်ရောက်ကြည့်ရှုအသုံးပြုခြင်း သို့မဟုတ်သင့်စက်(ဖုန်း)ကို အသုံးပြုရာမှဖြစ်သည့် မည်သည့်နစ်နာမှုသို့မဟုတ်ခိုးယူခြင်း သို့မဟုတ်နှောင့်ယှက်ခြင်း

၄။ ဤအသုံးပြုသူ၏စည်းကမ်းချက်ကို ဖောက်ဖျက်ခြင်း၏ အကျိုးဆက်ကြောင့် ကျွန်ုပ်တို့တွင် ခံစားရသည့် မည်သည့်ဆုံးရှုံးမှု သို့မဟုတ် အပြင်လူမှလုပ်ငန်းဆောင်ရွက်ရာတွင် မတတ်နိုင်မှု သို့မဟုတ် အပြင်လူ၏စနစ် သို့မဟုတ် ပစ္စည်းများမရရှိနိုင်သည့်အခါ သို့မဟုတ် ပျက်ကွက်ခြင်းများကြောင့် ဖြစ်ပေါ်လာသည့်ဆုံရှုံးမှုသို့မဟုတ်နစ်နာမှု၊ မမှန်ကန်သည့်သတင်းကို ထောက်ပံ့ခြင်းနှင့်/သို့မဟုတ်ဤသဘောတူညီချက်ကို သင်မှလိုက်နာရန်ပျက်ကွက်သည့်အခါ ဖြစ်ပေါ်လာသည့်မည်သည့်ဆုံးရှုံးမှုသို့မဟုတ်နစ်နာမှု

၅။ သင်မှထိန်းချုပ်နိုင်သည့်အခြေအနေတစ်ခုအတွင်း ဖြစ်ပေါ်လာသည့်ဆုံးရှုံးမှုအတွက်ကျွန်ုပ်တို့အပေါ် မည်သည့်တောင်းဆိုချက်နှင့်မဆို ပက်သက်၍ ကျွန်ုပ်တို့မှပေးချေရမည့်စရိတ်များနှင့်နစ်နာမှုများ

အပိုဒ် ၁၆။ ကျွန်ုပ်တို့အကြားတွင် ဆက်သွယ်ဆောင်ရွက်ခြင်း

သင်မှကျွန်ုပ်တို့အား စာဖြင့်ဆက်သွယ်ရန်လိုအပ်လျှင်သို့မဟုတ်သင်မှကျွန်ုပ်တို့အား ဤသဘောတူညီချက်စာချုပ်ပါ စည်းကမ်းချက်များကို စာဖြင့်ပေးပို့ရန်လိုအပ်လျှင် bd@motherfinance.com.mm သို့စာဖြင့်ပေးပို့နိုင်သည် သို့မဟုတ်အဆိုပါ e-mail လိပ်စာအား အချိန်နှင့် တပြေးညီပေးပို့နိုင်သည်။ e-mail ကိုကျွန်ုပ်တို့မှလက်ခံရရှိကြောင်း အကြောင်းပြန်ခြင်းဖြင့် သင့်စာအား ကျွန်ုပ်မှလက်ခံရရှိသည်ကို အတည်ပြုခြင်းဖြစ်သည်။

အကယ်၍ ကျွန်ုပ်တို့မှသင့်ထံစာဖြင့် ရေးသားဆက်သွယ်ရန်လိုအပ်ပါက ကျွန်ုပ်တို့မှသင့်ထံe-mail ပို့ခြင်း သို့မဟုတ်သင့်ဖုန်းထံစာတိုပို့ခြင်း သို့မဟုတ်သင်App ကိုတောင်းယူသည့်အချိန်က သင်မှကျွန်ုပ်တို့အား ပေးထားသည့် e-mail လိပ်စာထံစာဖြင့်ပေးပို့ခြင်းဖြင့်ဆက်သွယ်မည်။

အပိုဒ် ၁၇။ အထွေထွေ

ကုစားခွင့်များထပ်တိုးထည့်ခြင်း။ အမှုသည်တဖက်ဖက်မှ လုပ်ဆောင်ရန်ပျက်ကွက်သည့်အခါ သို့မဟုတ် ကျင့်သုံးရန် နှောင့်နှေးသည့်အခါ ဤသဘောတူညီချက်စာချုပ်အရ သို့မဟုတ် ဥပဒေအရပေးအပ်ထားသည့် မည်သည့်အခွင့်အရေး၊ အာဏာ သို့မဟုတ် ကုစားခွင့် သို့မဟုတ် အခွင့်အရေးတို့ကို ကျင့်သုံးသည့်အခါ အဆိုပါ သက်သာခွင့်၊ အာဏာ၊ အခွင့်အရေး တစိတ်တဒေသကို သို့မဟုတ် တစ်ခုလုံးကို ကျင့်သုံးရာတွင် အကျုံးဝင်သည်။ 

စွန့်လွှတ်ခွင့်မရှိခြင်း။ အဆိုပါကုစားခွင့် သို့မဟုတ် အခွင့်အရေးကို စွန့်လွှတ်သူအနေဖြင့် ဤသဘောတူညီချက် စာချုပ်ပါ ပြဌာန်းချက်များနှင့်ပက်သက်သည့် ကုစားခွင့် သို့မဟုတ် အခွင့်အရေးကိုကျင်သုံးသည့်အခါ နှောင်းနှေး ခွင့်မရှိခြင်းနှင့် ကျွန်ုပ်တို့မှ ကျင့်သုံးရန်ပျက်ကွက်လျှင် လုပ်ငန်းဆောင်တာများအား ဆက်လက်လုပ်ဆောင်ခွင့်မရှိပါ။

အတည်မဖြစ်ခြင်းအတွက်အကျိုးသက်ရောက်မှု။ ဤသဘောတူညီချက်ပါ ပြဌာန်းချက်များ၏ တစိတ်တစ်ပိုင်း ကိုဖြစ်စေ မည်သည့်ပြဌာန်းချက်ကိုဖြစ်စေ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း သို့မဟုတ် အကျုံးမဝင်ကြောင်း စီရင်ပိုင်ခွင့်ရှိသော မည်သည့်တရားရုံးကမဆို တွေ့ရှိလျှင် အဆိုပါဆက်လက်ဆောင်ရွက် နိုင်မှုမရှိခြင်း သို့မဟုတ် တရားမဝင်ခြင်းသည် ဤစည်းကမ်းချက်ပါ ပြဌာန်းချက်များ၏ အခြားအစိတ်အပိုင်း သို့မဟုတ် အခြားပြဌာန်းချက်များကိုထိခိုက်ခြင်းမရှိစေရဘဲ ဆက်လက်ပြီး အာဏာသက်ရောက်/ထိရောက်မှု ရှိစေရမည်။

အပိုဒ် ၁၈။ စာချုပ်ပါ အလုံးစုံသောအကြောင်းအရာများ

ဤအသုံးပြုသူများအတွက် စည်းကမ်းချက်တွင် သင်နှင့်ကျွန်ုပ်တို့ကြားရှိ ဤသဘောတူညီချက်အားလုံး အပြင် ဤစာချုပ်ပါအကြောင်းအရာနှင့် ပက်သက်၍ စာဖြင့်ဖြစ်စေ၊ နုတ်ဖြင့်ဖြစ်စေ ကျွန်ုပ်တို့ကြား တွင်နောက်ထပ်စာသားအစားထိုးခြင်း၊ ယခင်ပြီးဆုံးသွားသည့်စာချုပ်များ၊ ကတိများ၊ အာမခံများ၊ သတိပေးချက်များ၊ ကိုယ်စားပြုခြင်းနှင့်နားလည်ခြင်းတို့ပါဝင်သည်။

သင်ဤသဘောတူစာချုပ်ကို ပြုလုပ်ထားခြင်းအားဖြင့် သင်သည်ဤစာချုပ်ပါစည်းကမ်းချက်များကို အကောင်အထည်မဖော်ရသေးဘဲ သင်သည်သဘောရိုးဖြင့် သို့မဟုတ်ပေါ့ဆစွာဖြင့် မည်သည့်ဖော်ပြချက်၊ ကိုယ်စားပြုခြင်း၊ အာမခံ သို့မဟုတ်သတိပေးချက်များကိုပြုလုပ်၍မရကြောင်းသိရှိရမည်။ 

အသုံးပြုသူ၏စည်းကမ်းချက်များပါ မည်သည့်ဖော်ပြချက်ကိုမဆို အခြေခံ၍ သတိမပြု မိဘဲ ဖော်ပြထားသည့်ဖော်ပြချက် သို့မဟုတ် တလွဲဖော်ပြချက် သို့မဟုတ်သ သဘောရိုးဖြင့်ပြုလုပ်ချက် အပေါ်တောင်းဆို၍မရကြောင်း သင်ရောကျွန်ုပ်ပါသိရှိရမည်ဖြစ်သည်။

အပိုဒ် ၁၉။ အငြင်းပွားမှုဖြေရှင်းခြင်း

ဤအသုံးပြုသူ၏စည်းကမ်းချက်များနှင့်ပက်သက်၍ သို့မဟုတ် ဆက်နွယ်၍ ပေါ်ပေါက်လာသည့် မည်သည့်တောင်းဆိုမှု သို့မဟုတ် အငြင်းပွားမှု၊ မည်သည့်အငြင်းပွားမှုမျိုးကိုမဆို နှစ်ဖက်အမှုသည်များအားလုံးမှ တတ်နိုင်သမျှသဘောရိုးဖြင့် ဖြေရှင်းရမည်။

အငြင်းပွားမှုကိုအဆုံးသတ်နိုင်ရန်အတွက် ထိုသူများကြားဖြစ်သည့် မည်သည့်အငြင်းပွားမှုကို ကြိုးစားဖြေရှင်းရန်အတွက် သင့်တော်သည့်ကိုယ်စားလှယ်ကို ခန့်အပ်ရမည်။ အထက်ဖော်ပြပါအတိုင်း ကိုယ်စားလှယ်မှ ရက်ပေါင်း (၃၀)အတွင်း ငြိမ်းချမ်းစွာဖြင့် မဖြေရှင်းနိုင်သည့်အခါ အပိုဒ်(၂၀)ပါ ပြဌာန်းချက်ကိုဆက်လက်ကျင့်သုံးရမည်။

အပိုဒ် ၂၀။ သက်ဆိုင်ရာဥပဒေ

ဤသဘောတူညီချက်စာချုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးဖြင့် ဖြေရှင်းသည့်ဥပဒေများနှင့်သက်ဆိုင်မှုရှိစေရမည်။

အပိုဒ် ၂၁။ ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒများ

ကျွန်ုပ်တို့မှသင်၏ ကိုယ်ရေးအချက်အလက်များကို အသုံးပြုသည့်အခါ ကျွန်ုပ်တို့ပုဂ္ဂိုလ်ရေး ဆိုင်ရာမူဝါဒများနှင့်အညီ ကျင့်သုံးပြုလုပ်မည်ဖြစ်သည်။ ဤသဘောတူညီချက်စာချုပ်တွင် သင့်အပေါ်တွင် ကျင့်သုံးမည့်အရေးကြီးသည့်စည်းကမ်းချက်များပါဝင်သည့်အတွက် ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒများကိုအချိန်ပေး၍ဖတ်ရှုပါ။

App ကို ကူးယူ (Download) ပြုလုပ်ပြီး “ဆက်လက်သည်" ဆိုသည့်အကွက်ကို နှိပ်ခြင်းအားဖြင့် App တွင်ပူးတွဲထားသည့် စည်းကမ်းချက်မိတ္တူနှင့်အတူ Mother Finance ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒများကို သင်မှလက်ခံသည်ဟု ကျွန်ုပ်တို့မှယူဆပါသည်